နေပြည်တော် ဇွန် ၁၂
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာရှိ ဝေနေယျသုခကျောင်းတိုက်၊ ကံပေါက်မြို့ရွှေစေတီ ကျောင်းတိုက်၊ ကျောင်းသစ်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက်ရှိ ပုသိမ်ညွန့်ရာကျော်ကျောင်းကြီး ကျောင်းတိုက်၊ မှော်ဘီမြို့နယ် အင်းတန်ကျေးရွာရှိ မဟာရတနာလေထီးတပ်ဦးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ သုဓမ္မရက္ခိတကျောင်း တိုက်နှင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တပ်ဦးဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များ နှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်



