တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် ပြည်သူများက အမယ်လေးမျိုး၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဩဂုတ်  ၂၇


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေး ကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်     လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ   ဩဂုတ် ၂၆ ရက်နှင့်   ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ချမ်းမြေ့သိင်္ဂီသီလရှင် စာသင်တိုက်၊    ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရှိ   ပိန်းအွယ် ဓမ္မရိပ်သာကျောင်းတိုက်၊       ကျောင်းခမ်းပရိယတ္တိစာသင်တိုက်နှင့်  မြို့လယ်မင်္ဂလာရုံကျောင်းတိုက်၊   ကွတ်ခိုင်မြို့ရှိ   တောင်တန်းဒေသ ထေရ်ရဝါဒဗုဒ္ဓဘာသာ သာသနာပြုကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့ရှိ သပြေချောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်ရှိ မြကန်သာကျောင်းတိုက်၊ ဒလမြို့နယ် သက်ကယ်ကွင်းကျေးရွာရှိ အောင်မင်္ဂလာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ရှိ   အောင်မင်္ဂလာကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လက်ဝဲသလုံးတော်ဓာတ် ဘုန်းတော်ကြီး ကျောင်း၊ ဘူးသီးတောင်မြို့ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်းနှင့် ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ဖလန်ပင်ကုန်းကျေးရွာရှိ ဖလန်ပင်ကျောင်းတိုက်၊ ကျောက်ဆည်မြို့ရှိ ဝေဘူချောင်သီလရှင်ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ဆုံကုန်း ကျေးရွာရှိ ဆုံကုန်း(အနောက်)ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ   တိုင်းမှူးများနှင့်  တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပြီး   နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။                   

သတင်းစဉ်