
နေပြည်တော် အောက်တိုဘာ ၂၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့ ဝမ်ဟေကျေးရွာ မိုင်းယုန်းကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်(ယာပုံ) ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ ပုံလို့တောရ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သံဃာတော်များ နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ငွေလှိုင်းဖွေးအေး ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ငပကျေးရွာရှိ ဆုထူးပန်ပရဟိတ ဘုန်းတော် ကြီးသင်ပညာရေးကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့ ဘုရားကြီးကျောင်း တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်နှင့် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့ မဟာခေမိကာရာမသစ်ဆိမ့်ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်