တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်     နိုဝင်ဘာ    ၂၂
၂၀၂၃ ခုနှစ်    အကြိမ်(၆၀)မြောက်   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကို နိုဝင်ဘာ  ၂၄ ရက်  မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော် ဇေယျာသီရိ အားကစားကွင်း၌  ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲ ပြိုင်ပွဲကျင်းပပုံနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတို့ကို MRTV-HD၊ MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel၊ MWD HD Channel၊ MWD Variety HD Channel နှင့် MWD Education, Knowledge & Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။                             သတင်းစဉ်