တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

========================================================

နေပြည်တော် အောက်တိုဘာ ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane, PVSM, AVSM, SM, VSM, ADC အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်တို့ တက်ရောက် ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော် ရက်(ဘ်)ကူးမား (Mr. Saurabh Kumar)၊ အိန္ဒိယစစ်သံမှူး Colonel Ketan Arun Mohite နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

အပြန်အလှန်ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ သည် မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာရေးဆောင်ရွက်လျက် ရှိမှု၊ နှစ်ပေါင်းများစွာ ကတည်းကပင် တပ်မတော်နှစ်ရပ် အကြား ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုများရှိခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကာကွယ်ရေး၊ လေ့ကျင့်ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်၊ လွတ်လပ်၍ တက်ကြွ ပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး စာမျက်နှာ ၅ ကော်လံ ၁ သို့ ‌ ‌r

အာဆီယံမူဝါဒအတိုင်း ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိမှု၊ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် တိုင်းပြည်နှင့် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှုကို မည်သည့်တပ်မတော်ကမှ မလိုလားသည် ဖြစ်၍ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အပြန်အလှန်ယုံကြည်မှုဖြင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်