
နေပြည်တော် ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မြောက်ပိုင်းသို့ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် လက်ပံချောင်းကျေးရွာနေ ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ အရပ်သားခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Ayeyarwaddy Times လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းတုများ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်မှန်ကန်မှု ရှိ/ မရှိ ကလေးမြို့ လက်ပံချောင်းကျေးရွာ ရှိ ဒေသခံပြည်သူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ယခု ရက်ပိုင်းအတွင်း ၎င်းကျေးရွာအနီး တွင် ထိတွေ့ပစ်ခတ်မှုများ မရှိ ကြောင်း၊ PDF အမည်ခံ အကြမ်း ဖက်သမားများမှ ရံဖန်ရံခါတွင် လက်လုပ်စိန်ပြောင်းများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း များရှိခဲ့သော်လည်း ယခုရက်ပိုင်း တွင် ကျေးရွာသူ/ ရွာသားများ အနေဖြင့် စပါးရိတ်သိမ်းခြွေလှေ့ ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင် ရွက်လျက်ရှိကြောင်း ” သိရ သည်။
အလားတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကံသာယာ အထက်ရွာကို ဇန်နဝါရီ ၄ ရက် တွင် တပ်မတော်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် သုံးဦးအပါအဝင် ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းကို AA သတင်းအရင်း အမြစ်ကပြောကြောင်း Khit Thit Media က သတင်းတု၊ သတင်း မှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသဖြင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းချက်အရ မောင်တောမြို့နယ် ကံသာယာ အထက်ရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိခဲ့ ကြောင်း၊ AA သောင်းကျန်းသူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ် အငိုက်တွင် ကျေးရွာများအတွင်း သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့မှုကြောင့် ပြည်သူများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ဖျက် မီဒီယာများသည် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေ ရန်အတွက် သတင်းအရင်းအမြစ် တိကျခိုင်မာမှုမရှိသော ဖြစ်စဉ် များကို လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ချိခြင်းများ ပြုလုပ်ကာ ပြည်သူများကို သတင်းအဆိပ် ခတ်လျက်ရှိကြောင်း ပြည်သူများ အနေဖြင့် သတိပြုဆင်ခြင်နိုင်ရန် အသိပေးအပ်ပါကြောင်း သတင်း ရရှိသည်။ သတင်းစဉ်