တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှသည် အမိနိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး ကမ္ဘာ့အလယ်တွင် ဆက်လက်ရပ်တည်သွားနိုင်ရန် ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့်စိတ်ရင်းစေတနာနှင့် လုပ်ဆောင်နေခြင်းဖြစ်

နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် မိမိကိုယ်မိမိ ဆက်လက်ပြုစုပျိုးထောင်လေ့ကျင့်

 

နေပြည်တော်    ဒီဇင်ဘာ    ၂၂


တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ် လောင်းမည့်  ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း  အမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မဟာ သရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး စည်သူမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီးနှင့်  တာဝန် ရှိသူများ တက်ရောက်ကြသည်။    

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက်  ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။
ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊           တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်  က  တပ်မတော်(ကြည်း)  ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)  ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ  ဗိုလ်လောင်း   မေသက်နွယ်အား   အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊           တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်  က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင်  မိမိတို့ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့် အတွက်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်   ဒို့တာဝန်အရေးသုံးပါး သည်     မိမိတို့တပ်မတော်သားများ     အမြဲတမ်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အမျိုးသား ရေးတာဝန်ပင်ဖြစ်ကြောင်း၊ အမျိုးသားရေးဆိုသည် မှာ တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့်ဘာသာ၊  သာသနာ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာများကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလို ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေး စနစ်၊    မည်သည့်အစိုးရ    ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင် သည့်   အမျိုးသားရေးမူဝါဒဖြစ်သော    ဒို့တာဝန် အရေးသုံးပါးကို  ဆက်လက်ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးကို  အကောင်အထည်ဖော်ရာတွင် ပြည်သူပြည်သားများ နှင့်အတူ   လက်တွဲညီညီ   အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။


အထင်အရှား မြင်တွေ့ရမည်


တပ်မတော်အနေဖြင့်   တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်လာ‌ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့် တစ်သားတည်းဖြစ်အောင်လုပ်ဆောင် ပြီး ပြည်သူ၏ လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ်ချက် များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊    လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်းတွင်  အထင်အရှား  မြင်တွေ့ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်မြတ်ကောင်းမွန်သည့် သမိုင်းအစဉ်အလာကောင်းများကို      ဆက်လက် ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း။


မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အချို့ကို ပြန်လည် လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှု ကဏ္ဍအချို့ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်  လွတ်လပ်ရေးရပြီး   နောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့် စစ်မှုထမ်းများ ကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ များတွင် တာဝန်ပေးအပ်ခဲ့သည်များ ရှိခဲ့ကြောင်း။


၁၉၅၄ ခုနှစ်တွင် မြန်မာအမျိုးသမီး စစ်ဝန်ထမ်း တပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့သည့် အမျိုးသမီးအရာရှိ များသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ဂုဏ်ယူ ဖွယ်ရာ    တွေ့ရှိရမည်ဖြစ်ပြီး    နောက်ပိုင်းတွင် အမျိုးသမီး  သူနာပြုအရာရှိများ၊  ဘွဲ့ရအမျိုးသမီး အရာရှိများ၊     အမျိုးသမီးဆရာဝန်အရာရှိများ၊ အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်သူများ၊ အမျိုးသမီးတပ်ကြပ်ကြီး/ စာရေးများ၊ အမျိုးသမီး စစ်သည်များ    စသည်ဖြင့်    သုံးထောင်ကျော်ခန့် ခန့်အပ်တာဝန်ပေးလျက်ရှိသည်ကို       တွေ့ရမည် ဖြစ်ကြောင်း။ 


လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ


မိမိတို့တပ်မတော်အနေဖြင့်     ကာကွယ်ရေး စွမ်းအား တည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထု ပါဝင်နိုင်ရေး၊  အမျိုးသမီးများ၏       အခန်းကဏ္ဍ မြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်း များ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် သင်တန်း ကျောင်းများ ဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက် ရှိကြောင်း၊ ထို့ပြင် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီး အရာရှိများကို         သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိနိုင်ရေး ဆက်လက်ပညာ ဆည်းပူးသင်ကြားစေလျက်ရှိကြောင်း၊ သင်တန်းဆင်း  အမျိုးသမီး အရာရှိများအနေဖြင့် ကြည်း၊ ရေ၊ လေ၊ ရုံး၊  ဌာနများအပါအဝင်  လက်ရုံးဝန်ထမ်းတပ်ဖွဲ့ အသီးသီးတွင် တာဝန်ကျေပွန်စွာ    ထမ်းဆောင်နေကြ သည်ကို တွေ့ရမည်ဖြစ်ကြောင်း။ 


ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို လေ့လာ ကြည့်ပါက  လူသားအရင်းအမြစ်ကို  အပြည့်အဝ အသုံးချနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်း အမြစ်ကို              အသုံးပြုရာတွင်လည်း ယောက်ျား၊ မိန်းမ  မခွဲခြားဘဲ ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ပင် ဖြစ်ကြောင်း၊     လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွင် နိုင်ငံအလိုက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ရည်ရွယ် လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အမျိုးသမီးဦးရေ ၅၂ ရာခိုင်နှုန်း ရှိသည့်အတွက်   အမျိုးသမီးများ၏   စွမ်းအားကို မြှင့်တင်ဖော်ထုတ်ပေးလျက်ရှိသည်ကို  ပြောကြား လိုကြောင်း။


ပြည့်အင်အားသည်   ပြည်တွင်းမှာသာရှိသည်  ဆိုသည့်အတိုင်း   အမိနိုင်ငံတော်ကို   ကာကွယ် စောင့်ရှောက်ရန်အတွက်    ကျန်းမာကြံ့ခိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အင်အားသာမက အနိုင်မခံ အရှုံး မပေးသည့် စိတ်ပိုင်းဆိုင်ရာ အင်အားများပါ အစဉ် ပြည့်ဝနေရန် လိုအပ်ကြောင်း၊  လူငယ်များဖြစ်သည့် အတွက် ခေါင်းဆောင်မှုကို ရယူနိုင်ရန် မိမိအဖွဲ့  အစည်းကို တိုးတက်အောင် ကြိုးစားအားထုတ်နေ ရန်   လိုအပ်မည်ဖြစ်ကြောင်း၊   အောင်မြင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် တပ်ဖွဲ့ဝင်များကို ဦးဆောင်ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးတစ်ယောက် ချင်း သိသင့်သိထိုက်သည့် အသိပညာအတတ်ပညာ များကို လေ့လာမှုအားကောင်းမှသာလျှင် မှန်ကန် သည့်ဆုံးဖြတ်ချက်ကို    ချမှတ်နိုင်မည်ဖြစ်သည့် အတွက်   မိမိတို့တစ်ဦးချင်း  လေ့လာအားထုတ် ကြိုးပမ်းကြရန်လည်း မှာကြားလိုကြောင်း၊ ထိုသို့ ကြိုးပမ်းအားထုတ်ရာတွင် သူတစ်ပါးအပေါ် မထိခိုက် စေဘဲ  ရိုးရိုးသားသား ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်လုပ်ရာတွင် ရည်မှန်းချက်ပြီးမြောက်စေရန်၊  အလုပ်တာဝန်ပြီးမြောက်စေရန် ကြိုးစားဆောင်ရွက် ခြင်းမျိုးဖြင့်သာ   မိမိအလုပ်တာဝန်  ကျေပွန်မှုကို ဂုဏ်ယူကြရန် မှာကြားလိုကြောင်း။ 


ယနေ့အချိန်တွင်  နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးပမ်းဆောင်ရွက် နေသည်ကို တွေ့ရမည်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှု  ရှိရန် မရှိမဖြစ်လိုအပ်ကြောင်း၊ မိမိတို့ တပ်မတော်သား မိသားစုများက မိမိတို့၏နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် အခြေခံပြီး       တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ    တည်ဆောက်ထားကြရမည် ဖြစ်ကြောင်း၊  တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊  သက်သာချောင်ချိရေး၊            စိတ်ဓာတ်ဟူသည့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်နှင့်အညီ  တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား တိုင်းကလည်း ရဲဘော်အချင်းချင်းအပေါ် ထားရှိရမည့် မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှု တရား ဟူသည့် ရဲဘော်စိတ်ကို ထာဝစဉ်မွေးမြူထား ရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျစ်လျစ်ခိုင်မာသည့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း။
မိမိတို့           တပ်မတော်သားအားလုံးအတွက် တပ်မတော်သားကောင်းတစ်ယောက်  ဖြစ်စေရေး လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းတိုက်တွန်းထားသည့်  အပါး ၆၀ သော   စစ်သည်တော်ကျင့်ဝတ်များကို မြဲမြံစွာစောင့်ထိန်းကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့မှသာလျှင် တိုင်းပြည်ကအားထားရပြီး ပြည်သူက အားကိုးရသည့်      စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်သားကောင်းများ       ဖြစ်လာမည် ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့်သူများသည် ပေးအပ်လာသည့် တာဝန်များကို     ကျေပွန်စွာ ထမ်းဆောင်တတ်သောစိတ်      ရှိသည့်အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် မည့်သူများအနေဖြင့်    မိမိကိုယ်တိုင်အသေးအဖွဲ  စည်းကမ်းကအစ  စံနမူနာပြဖြစ်အောင်  နေထိုင် ကျင့်ကြံပြီး လက်အောက်ငယ်သားများပါ လိုက်နာမှု ရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် အလေးထား မှာကြားလိုကြောင်း။


အဓိကလုပ်ငန်းကြီး ၃ ခု


တပ်မတော်၏ အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန် နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဟူ၍ ချမှတ် ပြဋ္ဌာန်းပေးထားပြီးဖြစ်ကြောင်း၊ ထိုအထဲမှ အခြေခံ အကျဆုံးတာဝန်သည်   နိုင်ငံတော်ကာကွယ်ရေး  တာဝန်ပင်ဖြစ်ကြောင်း၊   နိုင်ငံတော်ကာကွယ်ရေး  ဟူသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန်ဖြစ်သော်လည်း ယနေ့ခေတ်အချိန်ကာလတွင်မူ စစ်ရေးနည်းလမ်း သာမက   နိုင်ငံရေးအရ   ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများ ဖြန့်ချိမှု၊  ယဉ်ကျေးမှုအရ   ထိုးဖောက်ဝင်ရောက်မှု စသည့် အန္တရာယ်များကိုပါ    ကာကွယ်နိုင်ရေးဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။ 


နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာ တွင်    မိမိတို့တစ်ဦးချင်း    တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်အတိုင်း သင်တန်း ကျောင်းများမှ          လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို  လက်တွေ့နယ်ပယ်တွင် မှန်မှန် ကန်ကန်    ထိထိရောက်ရောက်   အသုံးချနိုင်ရန်   လိုအပ်မည်ဖြစ်ကြောင်း၊      

»» စာမျက်နှာ ၄ မှ
ခေတ်နှင့်အညီ   တိုးတက်ပြောင်းလဲလျက်ရှိသည့်                 စစ်အသုံးအဆောင်နှင့်   စစ်အတတ်ပညာများကို   အသုံးချနိုင်ရေးအတွက်   လေ့လာခြင်း၊    ကျန်းမာ ကြံ့ခိုင်ကျွမ်းကျင်နေရန် လေ့ကျင့်ခြင်းနှင့် စစ်အခြေခံ သဘောတရားနှင့်   စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင်   လိုက်နာကျင့်သုံးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်
မိမိတို့တပ်မတော်၏ နောက်ထပ်အဓိကလုပ်ငန်း တာဝန်ကြီးတစ်ခုမှာ   ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် တွင်  အရေးကြုံလာတိုင်း  ရှေ့တန်းက  အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊     သဘာဝ ဘေးအန္တရာယ်များ              ကျရောက်ခဲ့သည့်အချိန်တွင် လည်း     အထက်အမိန့်   တောင်းခံစရာမလိုဘဲ တပ်မတော်သားများက အရင်ဆုံးရောက်ရှိကူညီခဲ့ ကြကြောင်း၊ ယင်းသည် မိမိတို့ တပ်မတော်၏ အလွန် မွန်မြတ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ကို  ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊  ယနေ့အချိန်  ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ပြည်သူများ ရင်ဆိုင် တွေ့ချိန်၌လည်း  တပ်မတော်သည်  ပြည်သူလူထု အတွက် ကဏ္ဍပေါင်းစုံမှ အစွမ်းကုန် ကူညီကာကွယ် စောင့်ရှောက်နေသည်ကို  အထင်အရှား တွေ့ရမည် ဖြစ်ကြောင်း။ 
တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား မှုများအပေါ် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများရရှိရေး နည်းလမ်းပေါင်းစုံဖြင့်  လုပ်ဆောင်ပေးလျက်ရှိပြီး ရရှိလာသည့် ကာကွယ် ဆေးများကို နယ်မြေများအလိုက် ဦးစားပေးအဆင့် အတိုင်း အချိန်မီထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း။
တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် “အား”ဖြစ်ပြီး နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်း အဆင်သင့်ရှိနေသည့် အခိုင်အမာဆုံး Institution တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားကောင်း ဖြစ်သူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ကို ကျေပွန်စွာ လက်ဆင့်ကမ်း သယ်ပိုးထမ်းဆောင် သွားကြရန် မှာကြားလိုကြောင်း။


မွန်မြတ်သည့်စိတ်ရင်းစေတနာ


တပ်မတော်သည်  အတိတ်ကာလက  နိုင်ငံနှင့် လူမျိုးအပေါ်  တာဝန်ကျေပွန်မှု၊  သစ္စာစောင့်သိမှု၊ ပေးဆပ်မှုအမျိုးမျိုးကို   ကြိုးစားလုပ်ဆောင်ခဲ့ပြီး ဖြစ်သကဲ့သို့ ယခု ပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံနှင့် လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်  သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို  တည့်မတ် ထိန်းသိမ်း      ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်၏       ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှ သည်    အမိနိုင်ငံနှင့်   တိုင်းရင်းသားပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး      ကမ္ဘာ့အလယ်တွင် ဆက်လက်ရပ်တည်သွားနိုင်ရန်         ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့်စိတ်ရင်းစေတနာနှင့် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း၊  နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့်     အမျိုးသမီးအရာရှိ ကောင်းများဖြစ်အောင်  မိမိကိုယ်မိမိ  ဆက်လက် ပြုစုပျိုးထောင်လေ့ကျင့်သွားကြရမည်ဟု တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊            တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည်             တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းဌာနချုပ်   ဧည့်ခန်းမ၌     ထူးချွန်ဆုရရှိကြသည့်  အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိသူ   ဗိုလ်လောင်း မေသက်နွယ်၊   သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း အိမ့်မှူးသက်ချယ်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်းပိုးဧကရီဆွေ နှင့်   ကြံ့ခိုင်ရေးအကောင်းဆုံးဆုရ   ဗိုလ်လောင်း    ဆုပြည့်စုံလင်းတို့အား တွေ့ဆုံ၍  ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ဆက်လက်ထိန်းသိမ်း


ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့  ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်     သင်တန်းကာလတစ်လျှောက် ကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်တတ်သည့်  အခြေခံ ကောင်းများကိုလည်း           ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများအနေဖြင့် ဗိုလ်လောင်း သင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန် ပညာတို့ကို     အသီးသီးဆည်းပူးလေ့လာခဲ့ကြပြီး ဖြစ်သဖြင့် အတွေးအခေါ်ပိုင်းနှင့် လူနေမှုပုံစံများကို လေ့လာခဲ့ကြရပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ရန်နှင့် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာ များကို  အောင်မြင်ရန်  ကြိုးစားခဲ့ကြရပြီး  ယခု ဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့ရာတွင်လည်း ကြိုးစားအားထုတ်မှုရလဒ်ကြောင့်  ထူးချွန်စွာဖြင့် အမျိုးသမီးအရာရှိများအဖြစ်သို့     ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုရှိပါက အောင်မြင်မှု ပန်းတိုင်ကို   ဆွတ်ခူးနိုင်မည်ပင်ဖြစ်သဖြင့်  ဘဝ တစ်လျှောက်လုံး     ကြိုးစားအားထုတ်ဆောင်ရွက် တတ်သည့် အခြေခံအလေ့အကျင့်ကောင်းများဖြင့် ဆက်လက်ထိန်းသိမ်း အသုံးချသွားကြစေလိုကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများကို       နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်သဖြင့် လေ့ကျင့်မွေးထုတ် ပေးနေခြင်းဖြစ်သဖြင့် တန်ဖိုးရှိပြီး အားကိုးအားထား ရသည့် ခေါင်းဆောင်များဖြစ်လာစေရေး ကြိုးစား အားထုတ်မှုရှိရမည်၊ မိမိကိုယ်ကို ထိန်းသိမ်းဆင်ခြင်  နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်း နိုင်စွမ်းမရှိပါက  လမ်းမှားရောက်နိုင်မည်ဖြစ်ပြီး မိမိကိုယ်ကို အလိုလိုက်ပါက ပျက်စီးမှုကို  ဖြစ်စေ တတ်သဖြင့် သမာသမတ်ကျမှု၊ ကြိုးစားမှု၊ ထိန်းသိမ်း နေထိုင်မှုတို့ဖြင့် ဘဝတက်လမ်းကို တည်ဆောက် သွားကြရန်လိုကြောင်း၊ မိမိအဆင့်နှင့် မလျော်ညီ သည့် နေထိုင်ပြောဆိုမှု၊ ဝတ်စားဆင်ယင်မှုများကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး ပေးအပ်လာသည့် တာဝန် များကို ရိုးသားကြိုးစားစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ တပ်မတော်သားပီသစွာဖြင့်          ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရှိအမျိုးသမီးဦးရေ  ၅၂   ရာခိုင်နှုန်းအနက်   နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို  ထမ်းဆောင်မည်ဟူသည့်  အခြေခံ စိတ်ဓာတ်များဖြင့် တပ်မတော်သို့ ဝင်ရောက်အမှုထမ်း ခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း။


ထို့ပြင် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းပေးခဲ့သည့် မိဘ များ၏  ကျေးဇူးကို  မမေ့ရန်နှင့်  အကောင်းဆုံး ကျေးဇူးဆပ်ခြင်းသည်   မိဘများ၏   စကားကို နားထောင်ခြင်းပင်ဖြစ်ပြီး မိမိကိုယ်ကို ချင့်ချိန်နိုင် စွမ်းဖြင့် မိမိဘဝလမ်းကို တည့်မတ်ထိန်းကျောင်း သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိကိုယ်ကို လူချွန် လူကောင်းဖြစ်အောင်  နေထိုင်ခြင်း၊   မိဘများ၏ လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခြင်း စသည့်  စိတ်ပိုင်းဆိုင်ရာ၊  ရုပ်ပိုင်းဆိုင်ရာများဖြင့် တတ်စွမ်း သရွေ့ ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ရရှိလာသည့် လူမှုဆက်ဆံရေးအတွေ့အကြုံများ၊ ဗိုလ်သင်တန်းကျောင်းမှ သင်ကြားလေ့ကျင့်ပေးလိုက် သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ  မပျောက်ပျက်ရအောင်        ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစား အားထုတ်သွားရမည်ဖြစ်ကြောင်း ဖြင့်    ဂုဏ်ပြုအမှာစကား    ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။      

                     
  သတင်းစဉ်