
နေပြည်တော် ဒီဇင်ဘာ ၂၀
တပ်မတော် ဆေးတက္ကသိုလ်၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ် ခေတ္တကျောင်း အုပ်ကြီး ဗိုလ်မှူးကြီးဇော်မန်းဖြိုး၊ တပ်မတော် ဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယ ဗိုလ်မှူးကြီး ခွန်ထွန်းလှိုင်နှင့် တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက် ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော် ဆေးတက္ကသိုလ် ခေတ္တကျောင်း အုပ်ကြီး၊ ခေတ္တပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက် ၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ခေတ္တပါမောက္ခချုပ် က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်း ထိန်းက ဘွဲ့ယူမည့်သူများကို ခေတ္တပါမောက္ခချုပ်ထံသို့ ပို့ဆောင် ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ခေတ္တပါမောက္ခ ချုပ်က ဆေးပညာဘွဲ့ ၃၃ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ခြောက်ဦး စုစုပေါင်း ၃၉ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်း သည်။ ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့ရသူ များအား ဘွဲ့များနှင့် လျော်ညီ သော အဆောင်အယောင် အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။
ယင်းနောက် ခေတ္တကျောင်း အုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီးနောက် အခမ်းအနား ကို ရုပ်သိမ်းကြောင်းကြေညာ ကာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊ ခေတ္တ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမမှ ပြန်လည်ထွက်ခွာသွား ကြသည်။
တပ်မတော်ဆေးတက္ကသိုလ် အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၁၃၆ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက် တွေ့ အခြေခံပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန် ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာ ဘွဲ့လွန် ဒီပလိုမာ ၁၈၉ ဦးတို့အား ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ် သည်။ လက်ရှိဆေးပညာ မဟာ သိပ္ပံဘွဲ့လွန် သင်တန်းအမှတ် စဉ်(၂၆)တွင် သင်တန်းသား အရာရှိ လေးဦး၊ အမှတ်စဉ်(၂၇)တွင် သင်တန်းသားအရာရှိ ၁၆၇ ဦး၊ အမှတ်စဉ် (၂၈) တွင် သင်တန်းသားအရာရှိ ၂၃၂ ဦး၊ အမှတ်စဉ်(၂၉)တွင် သင်တန်းသား အရာရှိ ၃၀၄ ဦး စုစုပေါင်း ဘွဲ့လွန် သင်တန်းသားအရာရှိ ၇၀၇ ဦး သင်တန်းတက်ရောက်နေဆဲဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းများ ရရှိခဲ့သည့် ပညာရည် ထူးချွန်ဆု အဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော် ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး များနှင့်သာ စစ်ဆေးခဲ့ခြင်း မဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး) စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္က သိုလ်အသီးသီးမှ ပါမောက္ခချုပ် များ၊ ပါမောက္ခများနှင့် စာစစ် ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များ နှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော် ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြား ဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာ သင်ကြားရေးဆိုင်ရာ သင်ရိုး ညွှန်းတမ်းအရ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီအထူး အောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူး ပေးခြင်းများကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်