တပ်မတော်ဆေးသုတေသနတပ်တွင် ဒီဇင်ဘာ ၆ ရက်က ဓာတ်ခွဲနမူနာ(၁၆)ခုကို စစ်ဆေးခဲ့ရာ ဒယ်လ်တာပိုးတွေ့ရှိသူ ၁၆ ဦးသာ တွေ့ရှိရပြီး အိုမီခရွန်ပိုး ယနေ့အထိ မတွေ့ရှိ

 

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ 
မျိုးရိုးဗီဇအစီအစဉ် (Genome Sequencing) တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
 

 

နေပြည်တော် (၁၁-၁၂-၂၀၂၁) ရက်နေ့
 

 

ကျန်းမာရေးဝန်ကြီးဌာန၏    လမ်းညွှန်မှုနှင့်အညီ  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊    ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့အနေဖြင့် တပ်မတော်ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ ပြောင်း     ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ် အဖြစ်    မျိုးရိုးဗီဇအစီအစဉ်   လေ့လာခြင်းလုပ်ငန်း” (Genome Sequencing) ကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်အရ  မြန်မာနိုင်ငံတွင် မျိုးရိုး ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများဖြစ်သည့် Alpha, Beta, kappa နှင့် Delta တွေ့ရှိမှုများအား ပြည်သူလူထုသို့ (၁၅-၆-၂၀၂၁)ရက်နေ့နှင့် (၃၁-၈-၂၀၂၁) ရက်နေ့တို့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။  

 


ကမ္ဘာ့နိုင်ငံများတွင် Omicron ဖြစ်ပွားမှုနှင့် ပတ်သက်၍ (၁၁-၁၂-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်း သတင်းထုတ်ပြန်ချက် များအရ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို ကမ္ဘာ့နိုင်ငံ  (၆၃) နိုင်ငံတွင်  တွေ့ရှိနေပြီ ဖြစ်ပါသည်။  ကိုဗစ်-၁၉ ရောဂါ  မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇအစီအစဉ် လေ့လာ ခြင်းလုပ်ငန်း  (Genome     Sequencing)   ကို    နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့်   အခြားဦးစားပေးအုပ်စုများရှိ  ရောဂါပိုး တွေ့ရှိသူများတွင်   ဆောင်ရွက်လျက်ရှိပါသည်။  (၆-၁၂-၂၀၂၁) ရက်နေ့တွင်  တောင်ကြီး၊  မန္တလေး၊  မော်လမြိုင်၊ ကျိုင်းတုံ၊ နေပြည်တော်၊ ရန်ကုန်မြို့တို့မှ ဓာတ်ခွဲနမူနာ(၁၆) ခုကို တပ်မတော်ဆေးသုတေသနတပ်တွင် စစ်ဆေးခဲ့
မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ (၁၆) ဦးကိုသာ တွေ့ရှိရပြီး အိုမီခရွန် (Omicron) ပိုး ယနေ့အထိ မတွေ့ရှိရပါ။ အဆိုပါ ဒယ်လ်တာ (Delta)ပိုးတွေ့ရှိသူများတွင်  ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူ (၄) ဦး၊ လာအိုနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂) ဦး၊ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂) ဦးတို့ ပါဝင်ပါသည်။

 


၎င်းအပြင်   ဓာတ်ခွဲနမူနာများကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထိုင်းနိုင်ငံ၊ ရည်ညွှန်းဓာတ်ခွဲခန်းသို့လည်း ပေးပို့ထားရှိပြီး   စစ်ဆေးလျက်ရှိကြောင်းနှင့်  ကျန်းမာရေးဝန်ကြီးဌာန၊  ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်တို့သည်    “ကိုဗစ်-၁၉   ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး   စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ်လေ့လာခြင်းလုပ်ငန်း”အား  အချိန်နှင့်တစ်ပြေးညီ   ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်     ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း     သတင်းထုတ်ပြန်အပ်        ပါသည်။ 


ကျန်းမာရေးဝန်ကြီးဌာန