တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

 

နေပြည်တော်  ဇူလိုင်   ၇

 

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင်    ပြည်သူ လူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာပေါင်း ၂၆၇၆၇၀   နှင့်  အတွင်းလူနာပေါင်း ၇၇၇၁၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။


 ၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၁၂၃၉၈ ဦး၊  အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၆၅၇၅ ဦး   စုစုပေါင်း ၁၈၉၇၃  ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေး မီးဖွားလူနာ ၆၂၈၁ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၉၃၅ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေး နိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၅၂၁၆ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မား ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်