တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

 

 

နေပြည်တော်  ဇူလိုင်   ၅


ပြည်သူလူထုအတွက်    အဓိကအကျဆုံးဖြစ် သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင်    ပြည်သူလူထု၏    အရေးပေါ် ကျန်းမာရေးဆိုင်ရာ   ကုသမှုများ  ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့်   ယာယီကုသရေးဆေးရုံများ၌    ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့ အထိ ပြင်ပလူနာပေါင်း ၂၆၅၉၈၅ ဦးနှင့်အတွင်း လူနာပေါင်း  ၇၇၃၀၆  ဦးတို့ကို   ကုသပေးနိုင် ခဲ့သည်။
ယင်းလူနာများအနက် အကြီးစား ခွဲစိတ် ကုသရန် လိုအပ်သူ  ၁၂၃၄၀၊   အသေးစားခွဲစိတ် ကုသရန်   လိုအပ်သူ  ၆၅၁၅  ဦး   စုစုပေါင်း ၁၈၈၅၅ ဦးတို့ကို  ခွဲစိတ်ကုသပေး နိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း   ပါရဂူများ၊  ဆေးမှူးများဖြင့်  အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ 
ထို့ပြင် ကလေးမီးဖွားလူနာ  ၆၂၄၂  ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၈၉၀၀ ကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ    ကလေးငယ်   ၁၅၁၄၂  ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ     မြင့်မားရေးတွင် ဆက်လက်ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  
သတင်းစဉ်