တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်   ဇူလိုင်    ၂


ပြည်သူလူထုအတွက်     အဓိကအကျဆုံးဖြစ် သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင်   ပြည်သူလူထု၏     အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌    ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင် ရွက်ပေးလျက်ရှိရာ    ဖေဖော်ဝါရီ  ၅  ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၄၀၇၆  ဦးနှင့် အတွင်းလူနာပေါင်း  ၇၆၈၂၂  ဦးတို့ကို ကုသ ပေးနိုင်ခဲ့သည်။


၎င်းလူနာများအနက်     အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၂၂၈၇ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၆၄၆၃ ဦး စုစုပေါင်း ၁၈၇၅၀    တို့ကို   ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွား  လူနာ ၆၂၀၂ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၈၃၉ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၅၀၄၁ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်      ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်