တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၂၀


ရှမ်းပြည်နယ်        (မြောက်ပိုင်း) လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၊    မွန် ပြည်နယ်        မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊     တနင်္သာရီ တိုင်းဒေကြီး ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၊  ရန်ကုန်တိုင်း ဒေသကြီး         မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး     (ခုတင်-၅၀၀)၊   ရခိုင်ပြည်နယ်  ဘူးသီး တောင်မြို့ရှိ တပ်မတော်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး  ကလေး မြို့ရှိ   တပ်မတော်ဆေးရုံတို့၌ တက်ရောက်   ဆေးကုသမှုခံယူနေ သော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များ၊  စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့်   ဒေသခံပြည်သူများ အား တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ တစ်ဦး ချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှု၊   ကျန်းမာရေး တိုးတက် ကောင်းမွန်မှုအခြေအနေ များအား ရင်းရင်းနှီးနှီး လိုက်လံ မေးမြန်းအားပေးစကားပြောကြား ကာ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ထို့နောက်   တိုင်းမှူးများနှင့် တာဝန်ရှိသူများက   ဆေးရုံများ အတွင်း   လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း       သတင်း ရရှိသည်။

                
 သတင်းစဉ်