တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်   ဧပြီ   ၂၁


မွန်ပြည်နယ်   မော်လမြိုင်မြို့ရှိ နယ်မြေခံ  တပ်မတော်ဆေးရုံ၌ တက်ရောက်      ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ များအား    ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး        ဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်    အဖွဲ့ဝင်များက   သွား ရောက်   ကြည့်ရှု၍  တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု   အခြေအနေများကို ရင်းရင်းနှီးနှီး   မေးမြန်းအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး      ညွန့်ဝင်းဆွေ၊   တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်   ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


အလားတူ      နေပြည်တော် ကောင်စီနယ်မြေ    ဇေယျာသီရိ မြို့နယ်ရှိ  တပ်မတော် သားဖွား မီးယပ်နှင့် ကလေးဆေးရုံ (ခုတင်-၃၀၀)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ် မြို့ရှိ    နယ်မြေခံဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် -၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ      နယ်မြေခံ    ဆေး တပ်ရင်းနှင့်    ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ တို့၌  တက်ရောက်ကုသမှုခံယူ လျက်ရှိသော  သာသနာ့နွယ်ဝင် သီလရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်း သား ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ် အသီးသီးမှ    တိုင်းမှူးများနှင့် အဖွဲ့ဝင်များက      သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့်      ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား ပြီး  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

 


ထို့နောက်  တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည်     ဆေးရုံများ အတွင်း    လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးကြောင်း      သတင်းရရှိ သည်။                    

သတင်းစဉ်