တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ဒေသခံတိုင်းရင်းသားပြည်သူ သုံးသိန်း နှစ်သောင်းကျော်အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

 

 

နေပြည်တော်   ဇန်နဝါရီ    ၆


အာရောဂျံ ပရမံ လာဘံ  ဟူသည့်စကားနှင့်အညီ  ကျန်းမာရေး ကောင်းမွန်ခြင်းသည်   လူတိုင်းအတွက်  လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ကျန်းမာမှ  အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည် ဟူသော  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒလမ်းညွှန်ချက် နှင့်အညီ တပ်မတော်အနေဖြင့်  အဓိကတာဝန်ဖြစ်သည့်  နိုင်ငံတော် ကာကွယ်ရေးနှင့်    လုံခြုံရေးတာဝန်များကို   ထမ်းဆောင်နေသည့် အပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များဖြစ်သည့် ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်   ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ခေတ်အဆက်ဆက်တွင်  တစ်ဖက်တစ်လမ်းမှ  ဆောင်ရွက်ပေးလျက် ရှိသည်။

 


တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် မဲမသမာမှုအခြေ အနေများအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ   နိုင်ငံတော်အား  အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်၏တာဝန်များကို တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ 

 


နိုင်ငံ့ဝန်ထမ်းများအနေဖြင့်   ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက်  ပေးအပ်ထားသည့်  တာဝန်များကို  သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း မသမာ သောသူများ၏  ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ကြုံတွေ့ခဲ့ရပြီး ပြည်သူလူထု အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် ကျန်းမာ ရေးကဏ္ဍတွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့မှုကြောင့်  တပ်မတော်အနေဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့် အညီ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များ သာမက   ဒေသခံတိုင်းရင်းသားပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုကဲ့သို့    တိုင်းနှင့်    ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံနှင့်    ဆေးတပ်ရင်းများတွင် ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ရာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ  ပြင်ပလူနာ ၃၂၉၇၅၉ ဦး၊ အတွင်းလူနာ ၉၈၃၂၈ ဦး၊ မွေးလူနာ ၁၉၅၂၆  ဦးတို့ကို   ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ၊ အရိုးအကြော ဆိုင်ရာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊   ဦးနှောက်နှင့်   အာရုံကြောဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ နှလုံးနှင့်ဆိုင်သောရောဂါများ၊  အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အတွင်းလူနာစုစုပေါင်း ၈၁၆ ဦး ကို   ကျန်းမာရေးစောင့်ရှောက်မှုများ    ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထို့ပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ် ခဲ့သည့်ကာလများတွင်လည်း လိုအပ်သည့် ဆေးဝါး များ၊ အောက်ဆီဂျင်များ၊ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ၊  ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့ ပူးပေါင်း၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မားခဲ့ သည့် ဇူလိုင်လနှင့်   ဩဂုတ်လတို့တွင်  ရောဂါပိုး တွေ့ရှိမှုနှုန်း ၃၃ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ရာမှ ယခု အချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းကို ပျမ်းမျှ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ   လျော့ကျလာအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။  

 


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH၊ NUG   အပါအဝင်    အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် CDM လှုပ်ရှားမှုတွင် ကျန်းမာ ရေးဝန်ထမ်းအချို့ ပါဝင်ခဲ့သည့်အတွက် ပြည်သူလူထု ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နှောင့်နှေး စေခဲ့သည့်အပြင် ကူးစက်မြန်  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့ရာတွင်လည်း ပြည်သူလူထု အနေဖြင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးသည်အထိ ထိခိုက်နစ်နာမှုများ   ဖြစ်ပေါ်ခဲ့ရသည်။   ၎င်းအပြင် မြို့ပြနှင့် အလှမ်းဝေးသည့်ဒေသများတွင် ကျန်းမာ ရေးဝန်ထမ်းအချို့၏  CDM တွင် ပါဝင်ခဲ့မှုကြောင့် အချို့ဆေးရုံ၊ ဆေးခန်းများ ပိတ်ခဲ့ရပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်   နှောင့်နှေးမှုများ များပြားစွာဖြစ်ပေါ်ခဲ့သည်။ 
ထိုသို့     အခက်အခဲများ    ဖြစ်ပေါ်လာသဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ       ပါရဂူများ၊ ဆေးမှူးများ၊  သူနာပြုများပါဝင်သောအဖွဲ့များက သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများသို့      သွားရောက်၍ ပိတ်ထားရသည့် ဆေးရုံ၊ ဆေးခန်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်ခဲ့ရာတွင်လည်း မသမာ သောသူများ၏  ခြိမ်းခြောက်လှုံ့ဆော်မှုများကြောင့်  ကန့်ကွက်ဆန္ဒပြမှုအချို့ကို    ကြုံတွေ့ခဲ့ရသည်။ ယင်းသို့    အခက်အခဲနှင့်   အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း တပ်မတော်ဆေးတပ်ဖွဲ့ဝင် များအနေဖြင့် ဖွဲ့စည်းရရှိနိုင်သည့် အင်အားများကို စုဖွဲ့ကာ ပြည်သူလူထု၏အကျိုးကိုရှေးရှု၍ အကောင်း ဆုံး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သည်။  

 


တပ်မတော်အနေဖြင့်    တိုင်းနှင့်    ပြည်နယ် အသီးသီးရှိ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးရုံမက တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ  နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့်လည်း ဒေသခံ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကိုဗစ်-၁၉ ရောဂါအပြင်   အခြားရောဂါများနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။  အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့များတွင် ခေတ်မီရွေ့လျားခွဲစိတ် ကုသယာဉ်၊     ဓာတ်မှန်ရိုက်ယာဉ်များပါဝင်ခြင်း၊ ဆေးကုသမှုအတွေ့အကြုံများသည့် ဝါရင့်ပါရဂူများ ပါဝင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ရှိသည့်  ရောဂါဝေဒနာရှင်များအား အချိန်မီ  အရေးပေါ် ကုသပေးနိုင်ခဲ့ခြင်း၊   နီးစပ်ရာ  တပ်မတော်ဆေးရုံ များသို့ အချိန်မီ ပို့ဆောင် ကုသပေးနိုင်ခဲ့ခြင်းတို့ကြောင့်  ပြည်သူလူထု၏ အသက်ပေါင်းများစွာကို ကယ်တင် နိုင်ခဲ့သည့်အပြင်    ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက် ၍လည်း တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူ များ၏ ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေး တွင် စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်