တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်   ဇူလိုင်   ၉


ရဲဘော်စိတ်ဟူသည်   ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှုတရားပင်  ဖြစ်သည်နှင့်အညီ  တပ်မတော် တွင်   တာဝန်ထမ်းဆောင်လျက်ရှိသည့်  အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့် ထားရှိပြီး   အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်   လိုအပ်ကြောင်း  တပ်မတော် အကြီးအကဲမှ     လမ်းညွှန်မှာကြားထားပြီးဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက်        ကွပ်ကဲ အုပ်ချုပ်ရာ၌           တပ်မှူးကောင်းစိတ်ဓာတ် (Commander  Spirit) ၊   ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက် လျက်ရှိသည်။ 

 


ထိုသို့     ဆောင်ရွက်လျက်ရှိရာ     ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်  နှင့်  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ   တိုင်းမှူးများနှင့်  တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်း များသို့  သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး   ဂုဏ်ပြု စားပွဲများ  ပြုလုပ်ပေး၍   တက်ရောက်အားပေးကာ အရာရှိ၊  စစ်သည်၊  မိသားစုများနှင့်   အတူတကွ        လက်ရေတစ်ပြင်တည်း သုံးဆောင်ကြသည်။

 


အလားတူ  နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ   တပ်နယ် အသီးသီးမှ  တပ်မတော်အရာရှိကြီးများကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့များ နှင့်   နယ်မြေခံသင်တန်းကျောင်းများမှ  အရာရှိ၊ စစ်သည်၊  မိသားစုများအား   ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး  ဂုဏ်ပြုစားပွဲများ   အသီးသီးပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်အတူတကွ  သုံးဆောင်ခဲ့ကြောင်း  သတင်းရှိသည်။

 

သတင်းစဉ်