နေပြည်တော် အောက်တိုဘာ ၁၄
ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ် သည်နှင့်အညီ တပ်မတော်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထား ရှိပြီး အထက်အောက်ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ် ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည်ဖြစ် ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန် အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit)၊ ဖခင် သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် (အပေါ်ပုံ) တို့မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်း ကျောင်းများသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူ တကွ လက်ရည်တစ်ပြင်တည်း နေ့လယ်စာ သုံးဆောင်ခဲ့ကြ သည်။
အလားတူ တိုင်းစစ်ဌာနချုပ် များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများက လည်း ၎င်းတို့၏ ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ သင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ တကွ နေ့လယ်စာ သုံးဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



