တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်    ဩဂုတ်   ၃၀


ရဲဘော်စိတ်ဟူသည်    ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှုတရားပင်ဖြစ်သည်နှင့်အညီ တပ်မတော် တွင်   တာဝန်ထမ်းဆောင်လျက်ရှိသည့်   အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့် ထားရှိပြီး       အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်   လိုအပ်ကြောင်း  တပ်မတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ် ရာ၌  တပ်မှူးကောင်းစိတ်ဓာတ်  (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက် ရှိသည်။ 

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက နယ်မြေခံသင်တန်းကျောင်းသို့ သွားရောက်၍ အရာရှိ၊ စစ်သည်များနှင့် နေ့လယ်စာ အတူတကွ လက်ရည်တစ်ပြင်တည်း သုံးဆောင်ကြ သည်။

 


အလားတူ     တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်အသီးသီးမှ  တပ်မတော် အရာရှိကြီးများ ကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့်    နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊   စစ်သည်၊   မိသားစုများကို   ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီး ပြုလုပ်၍     တက်ရောက်အားပေးကာ    အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်