တပ်မတော် (ရေ) ဌာနချုပ်၊ တပ်၊ စခန်းများမှ ခရစ္စမတ်နေ့ အထိမ်းအမှတ်လှူဒါန်းမှုများ ဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၅


မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည် များသည် ကလိန်အောင်မြို့နယ်   ကံပေါက်ကျေးရွာ ရှိ  ဗေသနိနှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ သွား ရောက်၍ ခရစ္စမတ်နေ့အထိမ်းအမှတ်လက်ဆောင် ကိတ်မုန့်နှင့် လှူဖွယ်များအား လှူဒါန်းမှုများ ဆောင် ရွက်ခဲ့ပြီး ခရစ္စမတ် အထိမ်းအမှတ်လက်ဆောင် ကိတ်မုန့်လှီးခြင်းအား သိက္ခာတော်ရဆရာနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။ 

 


အလားတူ ပလောမြို့နယ် မလိကျွန်းမှ  ဇရပ်ဆိပ် ကျေးရွာ၊   ငရုတ်ကောင်းကျေးရွာ၊    ကျောက်ထရံ ကျေးရွာများရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ လှူဒါန်းငွေများနှင့် ကြက်ဥ၊ ရွှေဖီဦး များကို လှူဒါန်းခဲ့ကြသည်။

 


ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် တီးပူကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင်  ကျင်းပပြုလုပ်သော   ခရစ္စမတ်နေ့  အခမ်း အနားသို့ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ သွားရောက်၍   အခမ်းအနားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင် ပြုလုပ် ကြသည်။ အခမ်းအနားသို့   တက်ရောက်လာသော ခရစ်ယာန်ဘာသာဝင် ကျေးရွာသူ ကျေးရွာသားများ အား အမှတ်တရ ခရစ္စမတ်ဦးထုပ်များ   ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်