
နေပြည်တော် ဇန်နဝါရီ ၆
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် မွန်ပြည်နယ် သထုံမြို့ သာယာကုန်း ကျောင်းတိုက်၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ဓမ္မစကြာကျောင်းတိုက်၊ တိုက်ကြီးမြို့နယ် ရွှေမြယာကျေးရွာရှိ ရွှေမြယာကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ မစိုးရိမ်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် ဓမ္မလင်္ကာရကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်