
နေပြည်တော် ဒီဇင်ဘာ ၅
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေပြည် သာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် အမှတ်(၃) ရပ်ကွက်ရှိ မဏိစည်သူ ကျောင်းတိုက်၊ မှော်ဘီမြို့နယ် ရေပြာကျေးရွာရှိ အောင်ဓမ္မသိဒ္ဓိကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ သိမ်စမ်းပရိယတ္တိစာသင်တိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့ အောက်ရွာဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ရန်ကင်းတောင်ခြေရှိ ရန်အောင်မာန်အောင် ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝဒေးရပ်ကွက်ရှိ ဝင်္ကပါတောရဘုန်းတော်ကြီး ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်