တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ  ၇


တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊  စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်    စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်          သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း ခြင်းနှင့်   ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ    ၅ ရက်နှင့်   ယနေ့ တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့     ဓမ္မသုခတောရ ကျောင်းတိုက်၊        ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းနှင့် သာသနာ့ ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် သထုံမြို့နယ် ပုဗ္ဗါရုံ ပရိယတ္တိစာသင်တိုက်၊   ရန်ကုန် တိုင်းဒေသကြီး  မှော်ဘီမြို့နယ် သံတံတားကျေးရွာရှိ      သိင်္ဂီဦး ပရိယတ္တိစာသင်တိုက်၊     ဒလ မြို့နယ် ပျော်ဘွယ်လေးကျေးရွာ ရှိ      သာဓုကန်ကျောင်းတိုက်၊ ရွှေလှေချောင်းကျေးရွာရှိ အောင် ဇမ္ဘူမင်္ဂလာရွှေ    ကျောင်းတိုက်၊ ခနောင်ကျေးရွာရှိ တောတဲကန် ကျောင်းတိုက်၊ တုံးတင်ဂံကျေးရွာ ရှိ ရေတံခါးကျောင်းတိုက်၊  ရခိုင် ပြည်နယ် အမ်းမြို့ ဒိုင်ကြီးဘုန်းတော်ကြီးကျောင်းနှင့်  မန္တလေး တိုင်းဒေသကြီး   ချမ်းမြသာစည် မြို့နယ် ဦးပွားကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်   သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊    နေ့ဆွမ်း များနှင့်   လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ      တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်