တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ   ၄


တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်    လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရှမ်း ပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ ဘုန်းတော်ကြီး သင်ပညာရေးသဗ္ဗညုကျောင်း၊     မဟာမြတ်မုနိ ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး    မြိတ် မြို့နယ် ကဟန်းကျေးရွာရှိ ကဟန်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တိလောက ရပ်ကွက်ရှိ အောင်သုခဓမ္မရိပ်သာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ရှိ မဏိရတနာ ရာမကျောင်းတိုက်(ယာပုံ)၊   မြန်အောင်မြို့ရှိ သမိဒ္ဓေါ ဓယ သုခိတာရာမ    သီလရှင်ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကံသာယာ ကျေးရွာရှိ သာသနဝေပုလ္လကျောင်းတိုက်၊    နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လဟယ်မြို့ရှိ ထေရ ဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇယာရာမ သရက်ကုန်းကျောင်းတိုက်နှင့်      ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ    ဘုန်းတော်ကြီး ကျောင်း ၃၆ ကျောင်းတို့မှ ဆရာတော်၊  သံဃာတော် များနှင့်    သာသနာ့နွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက် ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးသဗ္ဗညုကျောင်း၊ မဟာမြတ်မုနိကျောင်းတိုက်နှင့်      နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ    ထေရဝါဒဗုဒ္ဓ သာသနာပြု သီလရှင်ကျောင်းတို့မှ သံဃာတော်များ နှင့်  သာသနာ့နွယ်ဝင်သီလရှင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ    နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်      ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။    


သတင်းစဉ်