တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၂၄


တပ်မတော် (ကြည်း၊  ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူ ရှင်များက   မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး       ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့  ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ  ဆက်ကပ်လှူဒါန်းခြင်းများ  ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၃ ရက်နှင့် ယနေ့ တွင်   တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ရှိ         ဂီရိနိမိတ် ကျောင်းတိုက်၊  တနင်္သာရီမြို့ရှိ ချောင်းငယ်ကျောင်းတိုက်၊ မဟာ သန္တိသုခဝင်္ကပါ  ဘုန်းတော်ကြီး  ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ်   ဘန့်ဘွေး ကုန်းကျေးရွာရှိ   ဘန့်ဘွေးကုန်း ကျောင်းတိုက်၊    စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ရှိ တောင်ဖီ လာ     တောရကျောင်းတိုက်တို့ ရှိ ဆရာတော်၊ သံဃာ တော်များနှင့်  သာသနာ့နွယ်ဝင်   သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများ၊    နေ့ဆွမ်းများ၊  အလှူငွေများနှင့်   လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွား ရောက်  ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်