တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ  ၁၇


တပ်မတော်  (ကြည်း၊  ရေ၊   လေ) အရာရှိ၊   စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်     စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ    ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်         သီလရှင် ကျောင်းများနှင့်       ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊  ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ    ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ        ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  အောက်တိုဘာ ၁၆ ရက်နှင့် ယနေ့ တို့တွင်    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်        ကြံခင်းစု ရပ်ကွက်ရှိ      သုခိတာရုံကျောင်း တိုက်၊      ဒိုက်ဦးကျောင်းတိုက်၊ ဘဝမ်းကျောင်းတိုက်၊ ပညာတံခွန် ကျောင်းတိုက်၊    ပွင့်ဦးကျောင်း တိုက်နှင့် မှော်ဘီမြို့နယ် သပြေ ကုန်းကျေးရွာရှိ စိန္တိတာရာမနန္ဒဝန် ကျောင်းတိုက်   ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့   နန္ဒဝန်တပ်ဦး ကျောင်းတို့ရှိ ဆရာတော် သံဃာ တော်များနှင့်   သာသနာနွယ်ဝင် သီလရှင်များအတွက်       ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊    ကိုဗစ်-၁၉     ရောဂါ ကာကွယ်ရေး   အထောက်အကူပြု  ပစ္စည်းများ၊     နဝကမ္မ   အလှူငွေ များ၊  နေ့ဆွမ်းများနှင့်  လှူဖွယ် ပစ္စည်းများကို      သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်   အသီးသီးမှ တိုင်းမှူးများနှင့်  တာဝန်ရှိသူများ က ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်