တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်    မေ    ၂၈

တပ်မတော်   (ကြည်း၊ ရေ၊  လေ)  အရာရှိ၊   စစ်သည်၊   အရာထမ်း၊    အမှုထမ်းများနှင့်    စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့်        ဘာသာ ရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်        လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး         မင်္ဂလာဒုံမြို့နယ်   အမှတ်(၃/ခ)ရပ်ကွက်ရှိ  ဓမ္မစာပန်းချီရွှေဖီဦး ကျောင်းတိုက်၊  ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ    ဝေဠုဝန်ကျောင်းတိုက်၊   ရခိုင်ပြည်နယ် အမ်းမြို့ရှိ         အေးသာယာဘုန်းတော်ကြီး ကျောင်း၊  ဘူးသီးတောင်မြို့ရှိ    ဇေယျသုခ ဘုန်းတော်ကြီးကျောင်းနှင့် ရတနာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းနှင့်     မန္တလေးတိုင်း ဒေသကြီး စလင်းမြို့နယ် တောစိမ့်ကျေးရွာရှိ            မင်္ဂလာတောရဘုန်းတော်ကြီး ကျောင်းတိုက် တို့ရှိ သံဃာတော်များနှင့်    သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုး၊  နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး    အထောက် အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ   တာဝန်ရှိသူများက        သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။

 


ထို့အပြင် ယနေ့တွင်    နယ်မြေခံတပ်ရှိ အောင်ဆန်းခန်းမ၌ သံဃာတော်  ၄၄၂  ပါး အား  ကလေးတပ်နယ်မှ  တာဝန်ရှိသူများနှင့် အရာရှိ၊      စစ်သည်၊      မိသားစုဝင်များက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်