တပ်ကုန်းမြို့နယ်၌ တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

တပ်ကုန်း   ဇွန်    ၁၀


ပြည်ထောင်စုနယ်မြေ        နေပြည်တော် တပ်ကုန်း မြို့နယ် စိုက်ပျိုးရေးစီးဌာနဌာန     ဦးစီးမှူးရုံးမှ တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူးရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဝင် ဦးဇေယျာလင်းနှင့် အဖွဲ့ဝင်များ    တက်ရောက် ကြသည်။

 


အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် က   တပ်ကုန်းမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် စိုက်ပျိုးမြေအားလုံး စိုက်ပျိုးနိုင်ရေး  သီးထပ်သီးနှံ များ ပိုမိုစိုက်ပျိုးနိုင်ရေး၊ တောင်သူများ      လိုအပ်သည့် သွင်းအားစုများ      ထောက်ပံ့ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။ 

 


ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ    ဦးမျိုးနိုင်က မျိုးစပါး ထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ တောင်သူ များအတွက် တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် ဧက  ၃၃၀ အတွက် မျိုးစပါးများ ပေးအပ်သည်။

 


ဆက်လက်၍    နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာသို့ သွားရောက် ပြီး   ကျေးရွာအုပ်စုရှစ်အုပ်စုမှ  တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ   ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေး ပြီး သက်ဆိုင်ရာ ဌာန၊ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းခြင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                    

မောင်ကျော်ကြီး