
တပ်ကုန်း နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပိုမိုဖွံ့ဖြိုးရေးအတွက် ကျေးချောင်း ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (MRTV) လူငယ် စကားဝိုင်းအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းစာသင်ဆောင်၌ ကျင်းပသည်။
အဆိုပါစကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူ အဖြစ် ဆောင်ရွက်ပြီး ကျေးချောင်းကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း (MRTV) မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စိတ်ပညာ၊ လူငယ်နှင့် နည်းပညာခေတ်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေး ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
အဆိုပါပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ် ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်