
တပ်ကုန်း ဇူလိုင် ၇
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးနှင့် အခမဲ့ဖြန့်ဝေခြင်းကို ဇူလိုင် ၆ ရက် ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ရန်ကုန်- မန္တလေးကားလမ်းတွင် ဆောင်ရွက် ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့တွင်း ဝင်/ထွက်သွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခု ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးကို ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်