တပ်ကုန်းမြို့၌ ကျောင်းသူ ၁၀၀ အား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ

 

တပ်ကုန်း  ဩဂုတ်  ၂၂


ပြည်ထောင်စုနယ်မြေ  နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက အောင်ဇေယျရပ်ကွက် အမှတ်(၁)နှင့် မြဝတီရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသူများ အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့ နံနက်ပိုင်းက     အဆိုပါကျောင်းများရှိ    ကာကွယ်ဆေးထိုးစုရပ်၌   သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးသည်။


ထိုသို့ ထိုးနှံပေးရာတွင်    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ​ကျော်မောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကျန်းမာ ရေးစစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ပြီး အောင်ဇေယျရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ၅၀၊ မြဝတီ ရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ၅၀ စုစုပေါင်း ကျောင်းသူ ၁၀၀ အား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးနှံခဲ့ကြောင်းနှင့် ကျန်ကျောင်းသူများကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


တင်စိုးလွင်(ပြန်/ဆက်)