
တံတားဦး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက တံတားဦးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင် ကိုလင်းက သင်တန်းဖွင့်ပွဲ အမှာ စကားပြောကြားပြီး တံတားဦး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းနိုင်က လူကုန်ကူးမှု သဘောသဘာဝများကို သိရှိ ကာကွယ်ရန်နှင့် လက်တွေ့ နယ်ပယ်တွင် အသုံးချပြီး လူကုန် ကူးမှု စိစစ်ဖော်ထုတ်တတ်စေရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး) တပ်ဖွဲ့စုမှူး ယာယီရဲမှူး ခင်မောင်သိန်းက ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး လုပ်ငန်းစဉ် များနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို စက်တင် ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက်ကြကာ သင်တန်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ၊ နိုင်ငံ တကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော လူကုန်ကူးမှု အခြေအနေ များ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ် သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု များ စသည်တို့ကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)