တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

 

တံတားဦး  အောက်တိုဘာ ၁၉


တံတားဦးမြို့နယ်    သမဝါယမ အသင်းစု၏  ၂၀၂၂-၂၀၂၃   ခုနှစ် ဘဏ္ဍာရေးနှစ်    နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ  အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တံတား ဦးမြို့  ခေတ္တသမဝါယမအသင်း စုရုံး၌ ကျင်းပသည်။


အခမ်းအနားတွင်   တံတားဦး မြို့နယ်    သမဝါယမအသင်းစု ဥက္ကဋ္ဌ     သဘာပတိ     ဦးဌေးဦး က  အမှာစကားပြောကြားရာတွင် တံတားဦးမြို့နယ်    သမဝါယမ အသင်းတွင်  အသင်းစုဝင် အခြေခံ သမဝါယမအသင်း ၁၃၇ သင်းဖြင့် ဖွဲ့စည်းပြီး    အခြေခံသမဝါယမ အသင်း ၁၂၂ သင်းကို Exim Bank ချေးငွေများ   ထုတ်ချေးပေးနိုင်ခဲ့ ကြောင်း၊    မြို့နယ်သမဝါယမ အသင်းစု  ရေရှည်ရှင်သန်ခိုင်မာ ရေးအတွက် အခြေခံအသင်းသား များ     အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး   စေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍   မန္တလေးတိုင်း ဒေသကြီး   သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊  တိုင်းဒေသကြီး   အသင်းစုချုပ် ဥက္ကဋ္ဌ   ဦးထွန်းလှိုင်၊  တံတားဦး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီး အရာရှိ ဦးကျော်ကျော်နောင်တို့က သမဝါယမအသင်း၏ လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍    မြို့နယ်သမ ဝါယမအသင်းစု၏     လုပ်ငန်း အစီရင်ခံစာနှင့်  ရှေ့လုပ်ငန်းများ၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အစီရင် ခံစာနှင့်   ဘဏ္ဍာရေး ရှင်းတမ်းများ၊ အသင်းသားစာရင်းစစ်၏ စစ်ဆေး ချက်အစီရင်ခံစာများ၊   နှစ်ချုပ် စစ်ဆေးချက်   အစီရင်ခံစာများ စသည်တို့ကို  တာဝန်ရှိသူများက ဖတ်ကြားကြပြီး     ၂၀၂၂-၂၀၂၃   ခုနှစ်  မြို့နယ်သမဝါယမအသင်းစု ၏  အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ၏   ဆုံးဖြတ်ချက်များကို  သဘာ ပတိထံမှ   အတည်ပြုချက်ရယူ ကာ    တက်ရောက်လာသူများ၏   ဆွေးနွေးမြန်းမှုများကို သဘာပတိ နှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရသည်။


ရဲတင့်(ပြန်/ဆက်)