
ထားဝယ် ဧပြီ ၁၆
တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ ရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများ က သင်္ကြန်ယိမ်းအကအဖွဲ့ ကိုးဖွဲ့ အား တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေ ကျပ် ၁၅ သိန်း စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းအား ချီးမြှင့်ပြီး (ယာပုံ) တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၁၃၈၄ ခုနှစ် မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင် စွာ ပိတ်သိမ်းကြောင်း ကြေညာ သည်။
ဆက်လက်၍ ၁၃၈၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ပိတ်ပွဲအခမ်းအနားကို မန်းတောင်ရိပ်ခို သီချင်းဖြင့် ပျော်ရွှင်စွာ သံပြိုင်သီဆိုကပြ၍ ရုပ်သိမ်းလိုက်ပြီး ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့၊ ဖျော်ဖြေ ရေးယိမ်းအကအဖွဲ့၊ သင်္ကြန်ယိမ်း အကအဖွဲ့များနှင့် တေးဂီတအဖွဲ့ များက ပြန်လည်သီဆိုကပြ ဖျော်ဖြေရာ ဒေသအတွင်းမှ ဒေသခံပြည်သူများက စည်ကား သိုက်မြိုက်စွာဖြင့် လာရောက် ကြည့်ရှု၍ ပါဝင်ဆင်နွှဲလျက်ရှိ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)