
ထားဝယ် ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်များသို့ ကရင်၊ မွန်တိုင်းရင်းသားသမိုင်းစာအုပ်များနှင့် ဆလုံ ရိုးရာပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန် အစဉ်အမြဲ အလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် တစ်ချက်အပါအဝင်ဖြစ် သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများမပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် အချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ တိမ်ကော ပျောက်ကွယ်မှုမရှိစေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားများ၏ စာပေ အခန်းကဏ္ဍမြင့်မားလာစေရေး၊ တိုင်းရင်း သား လူမျိုးအားလုံးအခွင့်အရေးများကို ရရှိခံစားနိုင် ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားလာစေရေး ရည်ရွယ်၍ တိုင်းရင်းသားများ၏ သမိုင်းဆိုင်ရာ စာအုပ်များနှင့် ရိုးရာပုံပြင်စာအုပ်များကို တိုင်းရင်းသားများထံသို့ ထောက်ပံ့ပေးအပ်ပြီးဖြစ် ကြောင်း၊ ယခုအခါ အဆိုပါစာအုပ်များကို အများ ပြည်သူလေ့လာနိုင်ရန် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ ပေးအပ်ခြင်းဖြစ်ပြီး ဌာန ကလည်း အများပြည်သူ လေ့လာနိုင်စေရန်နှင့် အသိပညာတိုးပွားလာစေရန် မြို့နယ်၊ ခရိုင်စာကြည့် တိုက်များတွင်ထားရှိဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စာကြည့်တိုက်များတွင်ထားရှိနိုင်ရန်အတွက် ကရင်၊ မွန်တိုင်းရင်းသားသမိုင်းစာအုပ်များနှင့် အင်္ဂလိပ်/မြန်မာ/ကရင်အဘိဓာန်စာအုပ်များ၊ ဆလုံရိုးရာပုံပြင် စာအုပ်များ စုစုပေါင်း ၅၁၂ အုပ်ကို ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများက လက်ခံယူပြီး တိုင်းဒေသ ကြီး ဦးစီးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)