နေပြည်တော် ဇွန် ၂၆
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီ အတွင်းရေးမှူး ဦးညွန့်အောင်၊ တွဲဖက်အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် ထိုင်းဘဏ် များဖြစ်သော Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank တို့သည် မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် ရေးတို့တွင် ပြည်တွင်းငွေကြေး များဖြစ်သည့် ယွမ်/ကျပ် ၊ ဘတ်/ကျပ် သုံးစွဲနိုင်ရေးနှင့် ဘဏ်စနစ် ကို ပိုမိုအသုံးပြုနိုင်စေရေး၊ ထိုင်းဘတ်/ကျပ်အနေဖြင့် မြဝတီ၊ တာချီလိတ်တို့တွင် စတင်ခဲ့ပြီး ယခုအခါ မြိတ်၊ ကော့သောင်း တို့တွင် တိုးချဲ့ဆောင်ရွက်နိုင် ရေးနှင့် ယွမ်/ကျပ် အနေဖြင့် ချင်းရွှေဟော်တွင် ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေး ယနေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် လုပ်ငန်း စတင်နိုင်ရန်အတွက် ဘဏ်များ၊ အကောက်ခွန်ဦးစီး ဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ အပြင် ဒေသဆိုင်ရာ ကုန်သည်များ၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် မြေပြင် Taskforce ဖွဲ့စည်းပြီး Standard of Procedures ၊ Banking agreement များ မြန်ဆန်စွာ အကောင်အထည် ဖော်နိုင်ရန် စာရင်းများ ပြုစုရေးတို့ကို ဆွေးနွေးကြသည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ မြန်မာ လုပ်သားများမှ ထိုင်းဘဏ်မှ တစ်ဆင့် ဘတ်ငွေဖြင့် ငွေလွှဲပြောင်း မှုများကို မြန်မာဘဏ်များမှ လက်ခံ၍ မိဘဆွေမျိုးများထံ ပြန်လည်ထုတ်ပေးနိုင်ရေး အစီ အစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုန်သွယ် မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးတို့ ဦးဆောင် ပူးပေါင်းဆောင်ရွက်မှုဖြင့် ယွမ်/ကျပ် နှင့် ဘတ်/ ကျပ်များသုံးစွဲပြီး ဒေသတွင်းကုန်သွယ်မှု ပိုမိုတိုးချဲ့ နိုင်ရေး၊ Exchange Rate Risk များ လျှော့ချနိုင်ရေးတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စပြီး ဖော်ဆောင်ခဲ့ရာ ယွမ်/ကျပ် Pilot ကာလ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဇွန်လ တတိယပတ် အထိ Export ရငွေ ယွမ် ၁၉၇ ဒသမ ၄၆၄ သန်းနှင့် Import ပေးချေမှုငွေ ယွမ် ၇၇ ဒသမ ၆၉၉ သန်း၊ ပိုငွေ ယွမ် ၁၁၉ ဒသမ ၇၆၅ သန်း ရှိခဲ့ပြီး ထိုင်းဘတ်/ ကျပ် အနေဖြင့် Pilot ကာလ ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် ဇွန်လ တတိယပတ်အထိ Export ရငွေ ဘတ် ၁,၅၄၀ ဒသမ ၄၆ သန်းနှင့် Import ပေးချေမှုငွေ ဘတ် ၁,၁၃၇ ဒသမ ၉၅ သန်း ပိုငွေ ဘတ် ၄၀၂ ဒသမ ၅၁ သန်း ဖြစ်ပေါ်ခဲ့သည်။ ၎င်းအပြင် Worker Remittance အတွက် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ တတိယပတ် အထိ ငွေဝင်ရောက်မှုမှာဘတ် ၂၉ ဒသမ ၅၄၈ သန်း ရှိခဲ့သည်။
ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီ၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်တို့အနေဖြင့် ပြည်တွင်းဘဏ်များ၊ ပြည်ပဘဏ် များနှင့် အကောင်အထည်ဖော် သည့် Payment Mechanismကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဦးဆောင်ပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး ဘတ်/ကျပ်၊ ယွမ်/ ကျပ်ဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ထိုင်းဗဟိုဘဏ်၊ တရုတ်ဘဏ်များ၊ ထိုင်းဘဏ်များ နှင့် ညှိနှိုင်းပြီး ကုန်သွယ်မှု ပိုလျှံ ငွေများမှ Convertible ပြုလုပ် နိုင်ရေး၊ Liquidity Support ၊ Trade Financing နှင့် Settle-ment Time များကို သေချာစွာ သတ်မှတ်ပြီး သဘောတူစာချုပ် များ ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သတင်းစဉ်



