
ထားဝယ် ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ဩဂုတ် ၂၆ ရက်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီး အတွင်း စီးပွားရေးဖွံ့ဖြိုးစေရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော် ရေးနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် ပြုလုပ်သော အစည်း အဝေး ဖြစ်ကြောင်း၊ နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အတွက် မတည်ထောက်ပံ့ငွေ ၈ ဘီလီယံရရှိကြောင်း၊ နိုင်ငံတော် က တနင်္သာရီတိုင်းဒေသကြီး အတွက် သီးခြားထောက်ပံ့ခြင်း ဖြစ်ပြီး တိုင်းဒေသကြီးတွင် အရင်း မပျောက်အောင် အမြဲတမ်းရှိနေ ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် ငွေကြေးများသုံးစွဲရာ၌ စနစ်တကျ အံဝင်ခွင်ကျဖြစ်အောင် ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ အရင်း မပျောက် လည်ပတ်ရန်ပုံငွေဖြစ် သောကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှမျှတတဖြင့် အကျိုးရှိအောင်သုံးစွဲလုပ်ကိုင်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ဆန်စပါးဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း တွင် လိုအပ်သည့် လယ်ယာသုံး ပစ္စည်းများ၊ ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက် စသည့်တို့ လိုအပ် ကြောင်း၊ တိုင်းဒေသကြီး၌ မြေသြဇာများကိုလည်း ဒေသ ထွက်ကုန်များဖြင့် စမ်းသပ် ထုတ်လုပ်သွားမည်ဖြစ်ပြီးအောင် မြင် ဖြစ်ထွန်းပါက တောင်သူ လယ်သမားများ၊ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ကိုင် ဆောင်ရွက် နေသူများ လုပ်ငန်းဆောင်ရွက် ရာတွင် အဆင်ပြေလာမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ အောင်မြင် တိုးတက်ရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က နည်းပညာ နှင့် ငွေကြေးများ ထောက်ပံ့ပေး ရန် ဆန္ဒရှိကြောင်း၊ တက်ရောက် လာသူများအနေဖြင့် ငွေကြေး များ သုံးစွဲရန်အတွက် နိုင်ငံတော် က ညွှန်ကြားထားသော ဘဏ္ဍာ ရေး လုပ်ထုံးလုပ်နည်းများ ကို သိရှိနားလည်စေရန်အတွက် ခေါ်ယူတွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးခင်မောင်ချို က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများအား ရှင်းလင်း ဆွေးနွေးတင်ပြပြီး တက်ရောက် လာသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများ ကို ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)