ထားဝယ် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှား မှုများ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ၏ ဆောင်ပုဒ်ဖြစ်သည့် “ဗလ ငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာ ရေးအလေးပေး” ဆိုသည့်အတိုင်း နိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ရန် အဓိကလူ့စွမ်းအား အရင်းအမြစ် ဖြစ်သော ကျောင်းသားလူငယ် များ ဗလငါးတန်ဖွံ့ဖြိုးရေး အတွက် အဓိကကျသည့် ကျောင်း ကျန်းမာရေး လုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ပြီး အခြားဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ရှေ့ဆက် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းကျန်းမာရေး အထိမ်း အမှတ် Video Clip ကို ပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးတို့က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က အခြေခံပညာအထက်တန်း ကျောင်း ရှစ်ကျောင်းမှ ခင်းကျင်း ပြသထားသော ကျောင်းကျန်းမာ ရေးသီတင်းပတ်လှုပ်ရှားမှု ပြခန်း များနှင့် ဉာဏ်စမ်းမေးခွန်းမေးမြန်း နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)