တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ တက်ရောက်

 

မြိတ်    ဇန်နဝါရီ   ၁


နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်စေရေးအတွက် မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအားလုံး၏ လက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို  ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းဆောင် ရွက်ပြီးစီးခဲ့သော  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က မြိတ်မြို့ ပုလဲရတနာ ခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်   တက်ရောက်ပေးအပ်သည်။ 

 


ရှေးဦးစွာ      တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကိုက  နိုင်ငံ သား  တစ်ဦးအတွက်    နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ကိုင်ဆောင် သင့်သည့်    ကတ်တစ်မျိုးမျိုးကို ကိုင်ဆောင်ထားရှိခြင်းမှာ နိုင်ငံ သားဖြစ်မှုဆိုင်ရာ    သက်သေ အထောက်အထား   ဖြစ်သည်နှင့် အညီ     နိုင်ငံသားတစ်ဦးချင်းစီ အတွက်       အလွန်အရေးကြီး ကြောင်း၊   နိုင်ငံသားတစ်ဦးချင်းစီ အတွက်     လူမှုဘဝပြည့်စုံနိုင်ဖို့ ကိုင်ဆောင်ရမည့်    လက်မှတ် တစ်မျိုးမျိုးကို    မဖြစ်မနေရယူ ကိုင်ဆောင်ထားခြင်း     အားဖြင့် နိုင်ငံသားတစ်ဦး၏    အခွင့်အရေး ဖြစ်သည့်   ဆန္ဒမဲပေးပိုင်ခွင့်အပါ အဝင်   ဘဝရပ်တည်ရေးအတွက် အရေးကြီးသည့် စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေး စသည့်အရေး ကိစ္စအားလုံးအတွက်    အခြေခံ ဥပဒေအရ     ကာကွယ်ပေးထား သည့်    နိုင်ငံသားတစ်ဦး၏   ရပိုင် ခွင့်များကို လက်လွှတ်မဆုံးရှုံးမည် ဖြစ်ကြောင်း၊     စီမံချက်ကာလ အတွင်း  ပြီးစီးအောင်  ဆောင်ရွက် နိုင်ကြရန်        အလေးထားပြီး ဦးဆောင်ဦးရွက်     ပြုပေးကြရန် မှာကြားလိုကြောင်း  အမှာစကား ပြောကြားသည်။

 


ထို့နောက်   ဝန်ကြီးချုပ်က မြိတ်မြို့နယ်အတွင်း  ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ပန်းခင်း စီမံချက်ကို စွမ်းစွမ်းတမံ ဆောင် ရွက်နိုင်ခဲ့သည့်  လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ဦးစီးဌာနမှူးတို့အား        ဂုဏ်ပြု မှတ်တမ်းလွှာ   ပေးအပ်ချီးမြှင့် သည်။ဆက်လက်ပြီး ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်  သစ်လွင်ထူး၊    တိုင်းဒေသကြီး    ဝန်ကြီးများနှင့် တာဝန်ရှိသူများက   ရပ်ကွက်/ကျေးရွာများနှင့် တပ်ရင်း တပ်ဖွဲ့များ၌      ဆောင်ရွက်ပြီးစီး ခဲ့သော နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ပြည်သူများကိုယ်စား တာဝန်ရှိသူများအား    ပေးအပ် သည်။

 


ပန်းခင်းစီမံချက်ဖြင့်   မြိတ် ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့ နယ်တွင်   အိမ်ထောင်စုလူဦးရေ စာရင်း ၁၁၃၀၆ စောင်နှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြား   ၁၇၅၁၉ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊  မြိတ်မြို့နယ်တွင် အောက်တိုဘာ   ၁ ရက်မှ ဒီဇင်ဘာ ၂၉   ရက်အထိ   အိမ်ထောင်စု လူဦးရေစာရင်း  ၃၈၁၉ စောင်နှင့် နိုင်ငံသား     စိစစ်ရေးကတ်ပြား ၅၁၁၅  ကတ်ကို  ဆောင်ရွက်ပေး နိုင်ခဲ့ပြီး      နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနား တွင်   ပေးအပ်ခဲ့ကြောင်း   သိရ သည်။          

ခိုင်ထူး (ပြန်/ဆက်)