
မြိတ် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကိုသည် တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက်က မြိတ် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် တက္ကသိုလ် ကြက်ခြေနီအသင်း (ခွဲ) ရှေးဦး ပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲနှင့် ထူးချွန်ဆု ချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ရာ သင်တန်း ဆင်းပွဲကို သင်တန်းသား သင်တန်းသူများက စေတနာ လုပ်အားရှင် ကြက်ခြေနီ ဂုဏ်ပြု တေးသီချင်းဖြင့် သီဆိုဖွင့်လှစ် သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ) အနေဖြင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို လူမှုဝန်ထမ်း စိတ်ဓာတ်ရှိပြီး လူအများကို ကူညီတတ်စေရန်နှင့် မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများကို ရှေးဦးပြုစုခြင်း လုပ်ငန်းများဖြင့် ပြုစုပေးတတ်ရန်၊ ရုတ်တရက် ထိခိုက်ဒဏ်ရာရရှိမှုများကို ရှေးဦး ပြုစုခြင်းပညာဖြင့် ကူညီတတ် စေရန် ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို အောင်မြင် စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသူ သင်တန်းသား သင်တန်းသူများ အား သင်တန်းအောင်လက်မှတ် များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ သားဖွား သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြ၍ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှု ရာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုမော်က အရန်သားဖွား ခြောက်လသင်တန်း ဖွင့်လှစ် သင်ကြားနေမှုနှင့် သားဖွား သင်တန်း နှစ်အလိုက်သင်တန်း များ ဖွင့်လှစ်သင်ကြားပေးနေမှု များကို လိုက်လံရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)