မြိတ် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကတ္တလူအသေးစား ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင် ခြင်း မြို့ပြဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဓာတ်အားထုတ် စက်ရုံအတွင်း စက်တပ်ဆင် အင်အား ပြုပြင်ဆောင်ရွက်နေမှု၊ Penstock ပိုက်များ အသစ် လဲလှယ်ပြုပြင်ခြင်း၊ ရေသွယ် မြောင်းနှင့် ပိုက်ထိန်းခုံများ ပြုပြင်ခြင်း၊ စက်မှုနှင့် လျှပ်စစ်ပိုင်း ဆိုင်ရာ ကြိုတင်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီး ဌာနညွှန်ကြားရေးမှူး ဦးအောင် နိုင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဒုတိုင်း လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးထွဋ်ဦးတို့က ဓာတ်အားပေး စက်ရုံ ပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြုပြင်တည်ဆောက်ရေး လုပ်ငန်း အရည်အသွေး ပြည့်မီအောင် စနစ်တကျ ဆောင်ရွက်ကြရန်၊ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ် ဓာတ်အား တိုးချဲ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း ဖြစ်မြောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ပြော ကြားသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံ တွင် စက်တပ်ဆင်အင်အား ၅၀ ကီလိုဝပ်တစ်လုံး၊ ၇၅ ကီလိုဝပ် နှစ်လုံး တပ်ဆင်ထားရှိပြီး နှစ်စဉ် ဓာတ်အား ပျမ်းမျှထုတ်လုပ်နိုင်မှု အနေဖြင့် ၁၂၅၀၀၀ ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုင်း အနေဖြင့် ၁၁ ကေဗွီလိုင်း ၁၅ မိုင်၊ ၄၀၀ဗို့ ဓာတ်အားလိုင်း မိုင် ၂၀ သွယ်တန်းထားရှိကာ ကျေးရွာ လေးရွာ၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် ကျွန်းစုမြို့ရပ်ကွက် များသို့ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည်။
ဓာတ်အားပေးလုပ်ငန်းပြုပြင် ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်သန်း ၂၅၀ ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌လည်း ဓာတ်အားပေးစက်ရုံ မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်ဖြိုးထွန်းကုမ္ပဏီ ကတ္တလူ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)



