တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဗဟိုအဆင့်ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့အား ကြည့်ရှုအားပေး

 

ထားဝယ်    အောက်တိုဘာ   ၁၇


နေပြည်တော်တွင် ကျင်းပပြုလုပ်  မည့် ၂၀၂၃ ခုနှစ်(၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု      အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ   ဗဟို အဆင့်ပြိုင်ပွဲတွင်     သွားရောက် ယှဉ်ပြိုင်မည့်      တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ထားဝယ် မြို့        ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)   ရှိ    အဆောင်များ၌  စခန်းသွင်း  လေ့ကျင့်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်နှင့်  အစိုးရအဖွဲ့ဝင်      ဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးသည်။


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ တွင် အခြေခံပညာအဆင့် အသက် (၁၀ - ၁၅)   နှစ်၊  (၁၅ - ၂၀)  နှစ်၊   အဆင့်မြင့်ပညာ အဆင့်၊  ဝါသနာ ရှင်အဆင့်တို့ တွင်  ပြိုင်ပွဲဝင်များ၏  စခန်းသွင်း  လေ့ကျင့်နေမှုများကို       ကြည့်ရှုအားပေးသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က     တိုင်းဒေသကြီး အတွင်း ၁၀ မြို့နယ်ရှိ ပြိုင်ပွဲဝင် အားလုံးစုပေါင်းပြီး   သွားရောက် ရမည်ဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး  ချစ်ချစ်ခင်ခင်   စည်းလုံး ညီညွတ်စွာဖြင့်     သွားရောက်ရန် လိုအပ်ကြောင်း၊    ပြိုင်ပွဲဝင်များ အားလုံး   အကောင်းဆုံးယှဉ်ပြိုင် ခဲ့ပြီး  ညီညွတ်စွာဖြင့် ဆောင်ရွက် ကြရန်    လိုအပ်ကြောင်း     ပြော ကြားသည်။


ထို့နောက်   တိုင်းဒေသကြီး အစိုးရအဖွဲ့က စခန်းသွင်းလေ့ကျင့် နေသူများအား ထောက်ပံ့ငွေကျပ် ၁၀ သိန်း ပေးအပ်ပြီး ဗဟိုအဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင် မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ အား    ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီး (ပြန်/ဆက်)