
တနင်္သာရီ ဩဂုတ် ၃၁
တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်း များမှ ငါး၊ ပုစွန်နှင့် ရေထွက် ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိရာ ကော့သောင်းမြို့ နယ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်အတွင်း သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေ ရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၀ သန်း တန်ဖိုးရှိ ရေထွက်ပစ္စည်း ကုန်တန်ချိန် ၁၃၁၅ ဒသမ ၆၉၀ တန်နှင့် အောင် ကျော်ဇေ ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမ ဝါယမအသင်းလီမိတက်မှ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၀၁၂ သန်းတန်ဖိုးရှိ ရေထွက်ပစ္စည်း ကုန်တန်ချိန် ၉၉၉ ဒသမ ၁၅၅ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိ စေရန်အတွက် သမဝါယမ ကုန် သွယ်မှုကဏ္ဍက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်