တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ထားဝယ်    ဖေဖော်ဝါရီ    ၂၉
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်နှင့်   မိသားစု ဝင်များ၏    လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ထားဝယ်မြို့ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံး  ရဲဇာနည်ခန်းမ၌   ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်ဝန်ကြီးများ၊ ဒုတိယတိုင်းမှူး၊ ထားဝယ် တပ်နယ်မှူးနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများက    ပြိုင်ပွဲဝင်အသင်းများ၏ လက်နက်ငယ်ငါးမျိုးဖြုတ်ခြင်း၊  တပ်ခြင်းယှဉ်ပြိုင် နေမှုများကို  ကြည့်ရှုအားပေးပြီး  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်းက ပြိုင်ပွဲကျင်းပသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တပ်ဖွဲ့ ဝင်များ၏ နေရာထိုင်ခင်း၊ အစားအသောက်များကို ကြည့်ရှုစစ်ဆေးပြီး  ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ   ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများက  လက်နက်ငယ် ကျွမ်းကျင်မှုပြိုင်ပွဲတွင် တစ်ဦးချင်း (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသည့် တပ်ဖွဲ့ဝင်နှင့်  မိသားစုဝင်များ အားလည်းကောင်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲတွင်   လက်နက် အမျိုးအစားအလိုက် တံခွန်စိုက်ဆုရရှိသည့် အသင်း များအား တံခွန်စိုက်ဆုကိုလည်းကောင်း  ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။  တိုင်းဒေသကြီး(ပြန်/ဆက်)