
နေပြည်တော် နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့၌ အက်ဒမန်ပင်လယ်ပြင်မှ တစ်ဆင့် ပြည်ပသို့ သယ်ဆောင် မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) တစ် တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခွဲ တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် အိုက်စ်(မက်သ် အဖက်တမင်း)များကို ပင်လယ် ပြင်သို့ သယ်ဆောင်မည့်အဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ အတည်ပြုရှာဖွေဖော်ထုတ်ခဲ့ရာ မြိတ်မြို့နယ် လယ်ကယ်ကျေးရွာ အနီးတွင် အိုငယ်(ခ)ခင်ကျော်နိုင် ကို FUSO ခြောက်ဘီး မော်တော် ယာဉ် တစ်စီး၊ Toyota Celsior မော်တော်ယာဉ် တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ FUSO ခြောက်ဘီး ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း)တစ်တန်သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ အိုက်စ်(မက်သ်အဖက် တမင်း) များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဘောမ်ထန် (ခ) ဘောမ်ဆောင်၊ ရှရွယ်(ခ)အလာနှင့် ဘောမ်ဇုန်း တို့ သုံးဦးကို နိုဝင်ဘာ ၁၀ ရက် တွင် မြိတ်မြို့ နောက်လယ် ရပ်ကွက် အမှတ်(၁)ဗောတံတား ၌လည်းကောင်း၊ ဇော်တွယ်နှင့် လွမ်းဟူတို့ နှစ်ဦးကို မြိတ်မြို့ ကလွင်ကျေးရွာ၌ Caldina မော်တော်ယာဉ် တစ်စီး၊ Nissan AD VAN မော်တော်ယာဉ် တစ်စီး နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်၌ သန့်ဇင်နှင့် ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်း တို့အား ရေဖြူမြို့နယ် မလွှဲတောင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ Nissan မော်တော်ယာဉ် တစ်စီးနှင့်လည်း ကောင်း၊ စောအောင်နှင့် သီဟတို့ ကို ထားဝယ်မြို့ အိမ်ရှေ့ပြင် ရပ်ကွက်ရှိ တည်းခိုခန်း၌လည်း ကောင်း၊ သန့်ဇင်ဦးအား တွံတေး မြို့နယ် ခလောက်ခလူးကျေးရွာရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ မြင့်ဇော်ဦးအား ဒဂုံဆိပ်ကမ်းမြို့ နယ် (၈၈) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ အိုက်စ် (မက်သ်အဖက်တမင်း) များ တာဝန်ခံသယ်ဆောင်သူ ဇော်ဂျီ (ခ)အားချင်းကို နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်၌လည်းကောင်း ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း)များကို ရှမ်းပြည် နယ်(တောင်ပိုင်း)မှ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် အက်ဒမန်ပင်လယ်ပြင် ရေ ကြောင်း အသုံးပြု၍ ပြည်ပသို့ ဆက်လက် သယ်ဆောင်မည်ဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၁၃ ဦးကို ဥပဒေအရအရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်