တနင်္သာရီတိုင်း​ဒေသကြီးရှိ ငါးဖမ်းကင်းမွန်မီးထွန်းလှေများ ပင်လယ်ပြင်အတွင်းသို့ လုပ်ငန်းခွင်စတင်ဝင်ရောက်

 

မြိတ်  အောက်တိုဘာ  ၁၃


တနင်္သာရီတိုင်းဒေသကြီးရှိ ကင်းမွန်မီးထွန်း လှေများမှာ       သီတင်းကျွတ်ကာလရောက်ရှိတော့ မည်ဖြစ်သည့်အတွက်  ပင်လယ်ပြင်အတွင်းသို့ လုပ်ငန်းခွင်  စတင်ဝင်ရောက်ပြီဖြစ်ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။ 


မြန်မာ့ပင်လယ်ပြင်အတွင်း    ငါးဖမ်းဆီး ခြင်းလုပ်ငန်းဆောင်ရွက်နေသည့်     ကင်းမွန် မီးထွန်းလှေများမှာ ပွင့်လင်းရာသီတွင်   လုပ်ကိုင် ရသည့်  လုပ်ငန်းအမျိုးအစားဖြစ်ပြီး    ရာသီ အလိုက် လုပ်ကိုင်ရသည့် ငါးဖမ်းလုပ်ငန်းတစ်မျိုး ဖြစ်ကာမိုးလေကင်းစင်သည့်     သီတင်းကျွတ် ကာလမှ  သင်္ကြန်ကာလအထိ     လုပ်ကိုင်ရ ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။


“ကင်းမွန်ရာသီကပုံမှန်အားဖြင့်  သီတင်း ကျွတ်အချိန်အခါမှ      သင်္ကြန်ပြီးတဲ့အထိလို့ အလွယ်တကူ        မှတ်သားထားလို့ရတယ်။ 


အောက်တိုဘာလမှ    မေလအထိ လုပ်ကိုင်ကြတဲ့    လှေတွေလည်း ရှိပါတယ်။ ပင်လယ်ထဲမှာ လကွယ် ရက်တွေကိုတွက်ချက်ပြီး  ကင်းမွန် ဖမ်းဆီးလုပ်ကိုင်ရတာပါ။   လှေ တချို့တော့       ပင်လယ်ပြင်ကို ထွက်ခွာနေကြပါပြီ။  ရာသီစတင် ပြီလို့ ပြောလို့ရပါတယ်။ ကင်းမွန် လှေတွေမှာ  မိုးတွင်းမှာ   လုပ်ငန်း ရပ်နားပြီး လှေထောင်တင် ပြင်ဆင် တာတွေလုပ်ပြီး    ပွင့်လင်းရာသီ ရောက်ပြီဆိုရင် လုပ်ငန်းခွင်ဝင်ကြ တာပါ”လို့   ကင်းမွန်လှေလုပ်ငန်း ရှင်တစ်ဦးက  ပြောကြားသည်။       


ကင်းမွန်လှေတစ်စီး  ပင်လယ် ပြင်အထွက်စရိတ်မှာ      လှေအရွယ် အစားအလိုက်ကွာခြားပြီး ကျပ်သိန်း ရာချီ     ကုန်ကျကြကြောင်းနှင့်  တနင်္သာရီတိုင်းဒေသကြီး     မြိတ် ခရိုင်အတွင်း  ကင်းမွန်လှေ (တဝ လိုင်စင်) အစီးရေ ၃၀၀ ခန့်ရှိပြီး ကင်းမွန်လှေငယ်   ၅၀၀  ကျော်ရှိ ကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။


“ဒီနှစ်ရာသီမှာ အထွက်စရိတ် တွေတော့ကြီးနေတယ်။    ကင်းမွန် အရည်အသွေး      1,2,3   တစ်ဗန်း   (၁၀  ပိဿာဝင်တစ်ဗန်း)   ကို ငွေကျပ် ၂၅၀၀၀၀  လောက်စျေး ရှိနေတယ်။  ရာသီဖွင့်လို့  ကင်းမွန် တွေရလာရင် ဘယ်စျေးဖွင့်ကြမလဲ  မသိသေးဘူး”  ဟု ကင်းမွန်လှေ ပိုင်ရှင်တစ်ဦးက ပြောသည်။ 


မြန်မာ့ပင်လယ်ပြင်   အတွင်း     ငါးမဖမ်းရရာသီတွင် ဧပြီ၊   မေနှင့်   ဇွန်လများကို     သတ်မှတ်ခဲ့ရာ   ကမ်းဝေး    ကင်းမွန်လှေကြီးများ လည်း   ရပ်နားခဲ့ရကြောင်း၊  ငါး လုပ်ငန်းဦးစီးဌာနက မေလ ၂ ရက်  ရက်စွဲဖြင့်  မြန်မာနိုင်ငံ ကမ်းရိုး တန်းဒေသငါးခုတွင်  ပိတ်ပင်ထား ခြင်းကို ဖြေလျှော့ပြီး   တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် အခြေပြု လုပ်ကိုင်နေသော ကင်းမွန်ငါးဖမ်း လှေများကို မေလတွင် ငါးဖမ်းဆီး ခွင့်  ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 မြင်ဦး(မြိတ်)