
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၄၈၃/၂၀၂၁
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက် လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ ရောဂါကူးစက်မှုများပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှုလျော့နည်း လာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ်ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ နှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲ နမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်း ထပ်မံ တွေ့ရှိရမှုလျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ မြို့နယ်များမှနေထိုင်သော ပြည်သူများအနေဖြင့် ၁၂-၁၁-၂၀၂၁ ရက် နံနက် ၄ နာရီမှစ၍ မိမိနေအိမ်တွင်နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်-
(က) တနင်္သာရီတိုင်းဒေသကြီး
(၁) ထားဝယ်မြို့နယ်၊
(၂) မြိတ်မြို့နယ်။
(ခ) ပဲခူးတိုင်းဒေသကြီး
(၁) အုတ်တွင်းမြို့နယ်၊
(၂) ကဝမြို့နယ်၊
(၃) ဒိုက်ဦးမြို့နယ်၊
(၄) ပြည်မြို့နယ်၊
(၅) နတ်တလင်းမြို့နယ်။
(ဂ) မကွေးတိုင်းဒေသကြီး
(၁) ပခုက္ကူမြို့နယ်၊
(၂) စလင်းမြို့နယ်။
(ဃ) မန္တလေးတိုင်းဒေသကြီး
(၁) ဝမ်းတွင်းမြို့နယ်။
(င) မွန်ပြည်နယ်
(၁) မော်လမြိုင်မြို့နယ်၊
(၂) သံဖြူဇရပ်မြို့နယ်။
(စ) ရန်ကုန်တိုင်းဒေသကြီး
(၁) မှော်ဘီမြို့နယ်၊
(၂) ဒဂုံမြို့နယ်။
(ဆ) ဧရာဝတီတိုင်းဒေသကြီး
(၁) ကန်ကြီးထောင့်မြို့နယ်၊
(၂) ကျုံပျော်မြို့နယ်၊
(၃) သာပေါင်းမြို့နယ်။
၄။ အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင် သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရမည်ဖြစ်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး