တန်ဇန်းနီးယားနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းဟီဒရာ တိုက်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၁၆၆ ဦးရှိလာ

 

ဒိုဒိုမာ  မေ  ၁၀
တန်ဇန်းနီးယားနိုင်ငံ၌         အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း      ဟီဒရာ ဝင်ရောက်တိုက်ခတ်ခြင်းနှင့်   မိုး သည်းထန်စွာရွာသွန်းပြီး ရေကြီး မှုများကြောင့် နောက်ထပ်သေဆုံး သူ  ငါးဦးရှိလာသဖြင့်  သေဆုံးသူ စုစုပေါင်းမှာ  ၁၆၆  ဦး  အထိ တိုး လာကြောင်း ဝန်ကြီးချုပ်ကက်ဆင် မာဂျာလီဝါက လွှတ်တော်၌ မေ ၉ ရက်က ပြောကြားသည်။
တန်ဇန်းနီးယားနိုင်ငံ အိန္ဒိယ သမုဒ္ဒရာကမ်းခြေသို့ မေ ၃ ရက် က   ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမှာ  နောက် ရက်များတွင်   အားပျော့သွားပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းများ      တိုက်ခတ်ခြင်းတို့ ဖြစ်ပွားလျက်ရှိရာ      လူခုနစ်ဦး ဒဏ်ရာရရှိကြောင်း ၎င်းက  ပြော သည်။    အဆိုပါ   သဘာဝဘေး ကြောင့်  လူပေါင်း ၁၈၈၆၂   ဦး ထိခိုက်ခံစားခဲ့ရပြီး နေအိမ် ၈၇၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ   ရွာသွန်းမှု ကြောင့်   လင်ဒီ၊     မက်ဝါရာ၊ ကမ်းခြေများနှင့် မိုရိုဂိုရိုဒေသတို့ရှိ လမ်းများ၊  တံတားများ၊  လျှပ်စစ် ပိုက်လိုင်းများ၊      ကျောင်းများနှင့် ကျန်းမာရေး    စင်တာများမှာ မျောပါသွားပြီး ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် အခြားစီးပွားရေး လုပ်ငန်းများကို ရပ်နားထားရကြောင်း      ၎င်းက ဆက်လက်ပြောသည်။ 
 ဆင်ဟွာ