ဟားခါး မေ ၂၉
ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေး မှူးချုပ်များသည် ယနေ့နံနက် ၁၀ နာရီတွင် တွန်းဇံမြို့ပေါ်ရှိ အစိုးရပိုင် အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီး တို့က ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယခု ကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ တွန်းဇံမြို့နယ်တွင် အုပ်ချုပ်မှုယန္တရား စတင်လည် ပတ်နေပြီဖြစ်ကြောင်း၊ အုပ်ချုပ်မှု နှင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာအောင် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် တွန်းဇံမြို့ ပြန်လည် တည်ဆောက်ရေး အတွက် သွပ်၊ သံ၊ ဘိလပ်မြေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အိမ်ထောင်စု ၃၉ စု၊ လူဦး ရေ ၂၆၅ ဦးအတွက် ကယ်ဆယ် ရေးပစ္စည်းများနှင့် နှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ အတွက် ထောက်ပံ့ငွေကျပ် ၁၃၆၈၉၉၀၀ ကိုပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)