တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်မည်

ရန်ကုန် နိုဝင်ဘာ ၁၆


ရန်ကုန်မြို့  ဒဂုံမြို့နယ်ရှိ  လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ တန်ဆောင်တိုင် ရုံးပိတ်ရက် ကာလ လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြ သူများ ပြားမည်ဖြစ်သောကြောင့် နိုဝင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။ 


အကျဉ်းချုံး


“အရင်တုန်းကတော့ ညလုံးပေါက် မသိုးသင်္ကန်း ရက်ပါတယ်။ ဒီနှစ် တန်တောင်မုန်းလပြည့်နေ့ မနက် မှာ မသိုးသင်္ကန်း မကပ်ဖြစ်တော့ပါဘူး။ ကိုဗစ်- ၁၉ ရောဂါကြောင့်    မနှစ်ကလည်း    ကျွန်တော်တို့ မကျင်းပဖြစ်ဘူး။ ဒီနှစ်မှာလည်း ကျင်းပဖို့ အစီအစဉ် မရှိပါဘူး။     တန်ဆောင်မုန်းလပြည့်နေ့မှာတော့  ဘုရားဂေါပကရဲ့     အစီအစဉ်နဲ့    အကျဉ်းချုံးပြီး ဝန်ထမ်းတွေနဲ့ မနက်မှာ ဆွမ်းတော်ကြီးကပ်တာတွေ လုပ်မယ်။  ပြီးရင် မနက် ၅ နာရီခွဲမှာ မုခ်လေးမုခ် မှာရှိတဲ့   ရုပ်ပွားတော်တွေနဲ့   အထက်ပစ္စယံက ပတ္တမြားမျက်ရှင်မှာ     ရွှေကြာသင်္ကန်းကပ်မယ့် အစီအစဉ်တွေကို  အကျဉ်းချုံးပဲ လုပ်မှာဖြစ်ပါတယ်။ ဘုရားဖူးတာကိုတော့   အဖိတ်နေ့နဲ့  လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်နဲ့    ၁၈ ရက်တို့မှာ  နံနက် ၅ နာရီကနေ ည ၇ နာရီအထိ  အချိန်တိုးမြှင့်  စီစဉ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။   နောက်ရက်ပိုင်း တွေမှာတော့       ဘုရားဖူးချိန်ကို      ပုံမှန်အချိန် အတိုင်း   မနက် ၆ နာရီကနေ   ညနေ ၆ နာရီအထိ      


ပြန်လည်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောကြားသည်။ 
ယခုအခါ  လာရောက်ဖူးမြော်ကြည်ညို  ကုသိုလ်ယူကြသော ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် အနည်းငယ်ပိုမိုများပြားလာ ခဲ့ရာ နေ့စဉ် လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသော  ဘုရားဖူး  ဧည့်သည်ဦးရေမှာ တစ်ရက်လျှင် လူဦးရေ ၅၀၀၀ နှင့် ၁၀၀၀၀ ကြားထိ    ဝင်ရောက်ဖူးမြော်လျက်ရှိကြပြီး အစိုးရရုံးပိတ်ရက်ဖြစ်သည့်   (စနေနှင့် တနင်္ဂနွေ) ရုံးပိတ်ရက်များတွင်လည်း ဘုရားဖူးဧည့်သည် ၃၀၀၀၀ နှင့် ၅၀၀၀၀ ဝန်းကျင် လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြကြောင်း၊   ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသော ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်ဦးရေမှာ စုစုပေါင်း ၁၂၇၇၉၃ ဦးအထိရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏ စာရင်းများအရ သိရသည်။ 


ရွှေတိဂုံစေတီတော်   ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့်  ဘုရားဖူးပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ သတိပေးချက်များနှင့် နှိုးဆော်ချက်များကို တိကျစွာလိုက်နာ         ဆောင်ရွက်စေရန် စေတီတော်သို့ ရောက်ရှိသည့်အခါ လက်ဆေးစေခြင်း၊ စောင်းတန်းနှင့် ဓာတ်လှေကားဝင်ပေါက်များ၌ ကိုယ်အပူချိန် တိုင်းတာ ခြင်းများအပါအဝင် နှာခေါင်းစည်းနှင့်  မျက်နှာအကာများ စနစ်တကျ တပ်ဆင်စေခြင်းများကို ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။   

 

သတင်း - ပွင့်သစ္စာ၊  ဓာတ်ပုံ - လင်းရာမ