
မန္တလေး နိုဝင်ဘာ ၁၈
ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ဖြစ်သည့် အားလျော်စွာ (သာမညဖလ အခါတော်နေ့) အခမ်းအနားကို ရှေးထုံးတမ်း စဉ်လာမပျက် ကျင်းပကြသည်။
မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိ ရုပ်ရှင်တော်မြတ်အား ယနေ့နံနက် ၄ နာရီတွင် ရေတော် ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌအမှူးပြု၍ မျက်နှာသစ်တော် ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်း ကပ်လှူကာ ဆွမ်း၊ ရေချမ်း၊ ပန်း များကပ်လှူပူဇော်ခြင်း၊ ဘုရား ဖူးလာ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူ ပြည်သူများက လည်း မဟာမုနိရုပ်ရှင်တော်မြတ် အား ဆွမ်း၊ ရေချမ်း၊ ပန်း ကပ်လှူ ပူဇော်ခြင်း၊ ဆီမီး ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ပူဇော် ခြင်းနှင့် တရားဘာဝနာ အားထုတ် ကြသူများဖြင့် စည်ကားလျက် ရှိသည်။
ဆက်လက်၍ နံနက် ၅ နာရီ တွင် မဟာမုနိဂေါပကအဖွဲ့မှ ကြီးမှူး၍ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား (၃၂) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ် ပူဇော်ပွဲကို ကိုဗစ်-၁၉ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ပူဇော်မည့် တဘက် တော်နှင့် မသိုးသင်္ကန်းတော်မြတ် ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် အဖွဲ့ဝင် များအား စက်ချုပ်အဖွဲ့နှင့် တဘက်ပညာရှင်များက ပေးအပ် ကြသည်။
ထို့နောက် ရေတော်ဆရာ တော် ဘဒ္ဒန္တဥက္ကဋ္ဌ အရှင်သူမြတ် အမှူးပြု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသ ကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တဘက်တော် ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိ သူများက သင်းပိုင်သင်္ကန်းတော် ကိုလည်းကောင်း၊ မဟာမုနိ ဂေါပကအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၊ ရက်ကန်းနှင့် စက်ချုပ်ပညာရှင် များအဖွဲ့၊ မဟာမုနိဂေါပက ဝန်ထမ်းများ၊ ဓမ္မစကြာဝတ်အဖွဲ့ တို့က ဧကသီသင်္ကန်းတော်ကို လည်းကောင်း ကိုင်ဆောင်၍ မဟာမုနိ ရုပ်ရှင်တော်မြတ်အား လက်ယာရစ် သုံးပတ်လှည့်လည် ပူဇော်ပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာမုနိ ရုပ်ရှင်တော်မြတ်အား မသိုး သင်္ကန်းတော်ကို လွှမ်းခြုံပူဇော် ကန်တော့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်း ဒေသကြီးဝန်ကြီးတို့က မသိုးမြတ် သင်္ကန်းတော်ကို လုပ်အားဒါနပြု ရက်လုပ်ခဲ့ကြသော ရေကြည်၊ ပေါက်၊ အုန်းတော၊ အင်းလေး ဒေသ ရက်ကန်းပညာရှင်များအဖွဲ့၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင် များအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ တို့အား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြသည်။
တန်ဆောင်မုန်း လပြည့်နေ့ နေ့ခင်းနှင့် ညပိုင်းတို့တွင်လည်း မန္တလေးတောင် ဆုတောင်းပြည့် ဘုရား၊ ကျောက်တော်ကြီး၊ စန္ဒာမုနိကုသိုလ်တော် ဘုရား၊ မဟာလောက ရန်နှိမ်အောင် တော်မူ ဆုတောင်းပြည့်ဘုရား၊ ရွှေကျီးမြင့်ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်းရဘုရား၊ ဆုတောင်း ပြည့်ဘုရား၊ ချမ်းသာရဘုရား၊ စွယ်တော်မြတ် စေတီတော် (မန္တလေး)၊ နန်းမြို့ဆုတောင်း ပြည့်ဘုရား စသည့် တန်ခိုးကြီး ဘုရားစေတီတော် တို့တွင် ရွှေသင်္ကန်းများ၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းတော်များ ဆက်ကပ် လှူဒါန်း၍ ဆီမီးပူဇော်ခြင်းများ၊ တရားဘာဝနာ အားထုတ်ကြ သူများ၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် အသင်းအဖွဲ့များ ကို အလှူရှင်များက စတုဒိသာ မုန့်လုံးရေပေါ်၊ မဲဇလီဖူးသုပ်နှင့် ကြာဆံဟင်းများ ကျွေးမွေး ကုသိုလ်ပြုကြပြီး အထူးစည်ကား လျက်ရှိသည်။
တင်မောင်(မန္တလေး)